Quantcast
Channel: DVB
Viewing all 36043 articles
Browse latest View live

နီပေါငလျင်ကြောင့် အနည်းဆုံး လူ ၁၈၀၀ ကျော် သေဆုံး (ရုပ်သံ)

$
0
0

နီပေါနိုင်ငံ မြို့တော် ကက်သမန်ဒူး မြို့ခံတွေဟာ စနေနေ့ နေ့လည်ပိုင်းက ဆိုးရွားတဲ့ ငလျင်ဒဏ်ကို ကြုံခဲ့ပြီးနောက်အိမ်ပေါ်မှာ မနေရဲတော့ဘဲ အိမ်ပြင်ဘက်မှာပဲ ညအိပ်ခဲ့ကြပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက လမ်းပေါ်မှာ ထွက်နေကြတဲ့ လူထောင်ပေါင်းများစွာအတွက် နေထိုင်ရေး အဆင်ပြေအောင် စီစဉ်ပေးနေရပါတယ်။ စနေနေ့ နေ့လည်ပိုင်း လူအသွားအလာ များချိန်မှာ ပြင်းအား ၇ ဒသမ ၉ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြ အခုနောက်ဆုံး နီပေါ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ စာရင်းအရ လူပေါင်း ၁၈၀၅ ယောက် သေဆုံးပြီး ၄၇၀၀ ဏ်ရာရတယ်လို့ ဆိုပါတယ်။ လူ ၃၀၀ က ကက်သမန်ဒူးမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်နေလို့ ကုသရေးမှာ မနိုင်မနင်း ဖြစ်နေပါတယ်။ စနေနေ့ တနေ့လုံးမှာ ကက်သမန်ဒူမှာ ရှိတဲ့ ဆေးရုံကြီးမှာ အသဲအသန် လူနာ ၃၅၀ ရောက်ခဲ့ပြီး အများစု သေဆုံးခဲ့ပါတယ်။ ဆေးဝါး မလုံလောက်လို့ အပြင်ဆိုင်ကနေ ၀ယ်ယူခဲ့ရတယ်လို့ ဆေးရုံအရာရှိတွေက ပြောပါတယ်။ ဒီငလျင်ဟာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

နီပေါနိုင်ငံ မြို့တော်ရဲ့ အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ငယ်ကို ဗဟိုပြုပြီး ၇ဒသမ ၉ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့တော် ကက်သမန်ဒူးမှာ ရှိတဲ့ ၁၉ ရာစုက တည်ဆောက်ခုဲ့တဲ့ ဒါရာရာ သမိုင်းဝင် မျော်စင်လည်း ပြိုကျခဲ့သလို ဧ၀ရတ်တောင်ပေါ်မှာလည်း အကြီးစား နှင်းပြိုမှုဖြစ်ခဲ့ပါတယ်။ ငလျင် လှုပ်ခတ်မှုအရှိန်ကို ဒေလီမြို့အပါအ၀င် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ၊ တိဘက်ဒေသ ၊ဘင်္ဂလားဒေ့ရှ်တို့ အထိ ခံစားရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အိန္ဒိယ မြောက်ပိုင်းမှာ အနည်းဆုံး ၃၆ ယောက်သေဆုံးခဲ့ပြီး၊ တိဘက်ဒေသမှာ ၁၂ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ၄ ယောက်လည်း သေဆုံးသွားပါတယ်။ အမေရိကန် ဘူမိဗေဒဌာနရဲ့ အဆိုအရ ငလျင်ဟာ မြေအောက် ၂ မိုင် အကွာကို ဗဟိုပြုပြိး လှုပ်ခဲ့တာကြောင့် အထက်မြေပြင်နဲ့ အလွန်နီးစပ်တယ်လို့ သတ်မှတ်ပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ၆ ဒသမ ၆ နဲ့ ၅ ဒသမ ၁ ရှိတဲ့ နောက်ဆက်တွဲ ငလျင်နှစ်ခုလည်း ဆက်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။ နီပေါမှာ ၂၀၁၁ ခုနှစ်ကလည်း အားပြင်းတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅ ယောက်သေဆုံးခဲ့ဖူးပါတယ်။

၁၉၈၃ ခုနှစ်က ၈ ဒသမ ၃ ပြင်းအားရှိတဲ့ ငလျင်ကတော့ အဆိုးရွားဆုံးခဲ့ဖြစ်ပြီး လူ ၈၅၀၀ သေဆုံးခဲ့ဖူးပါတယ်။

The post နီပေါငလျင်ကြောင့် အနည်းဆုံး လူ ၁၈၀၀ ကျော် သေဆုံး (ရုပ်သံ) appeared first on DVB.


မကွေးတိုင်းတွင် တမံရေပိတ်သည့် အတွက် နှမ်းခင်းဧက ၄၀၀ ကျော် ပျက်စီး

$
0
0

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ကြီးအုံကြီးဝတမံ ရေပိတ်လိုက်တာကြောင့် နှမ်းခင်းဧက ၄၀၀ကျော် ရေမြုပ်ပျက်စီးခဲ့ပါတယ်။

ဒီနှမ်းခင်းတွေဟာ မိုးတွင်းကာလတလျှောက်လုံး ရေနစ်မြုပ်နေတဲ့ လယ်ကွင်းတွေထဲမှာ နွေရာသီရေ ကျသွား ချိန်မှ စိုက်ပျိုးကြတဲ့နှမ်းခင်းတွေဖြစ်သလို တောင်သူတွေအနေနဲ့ တစ်နှစ်ပတ်လုံး ဒီတစ်သီးနှံကိုသာ အားထား နေရတာလည်းဖြစ်ပါတယ်။

ရေတက်လာတဲ့ အတွက် နှမ်းတွေဟာ မအောင်ပဲနဲ့ ရိပ်သိမ်းနေရသလို နစ်နာဆုံးရှုံး ရတဲ့ ဒေသခံ တောင်သူတွေက သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြခဲ့ပေမယ်လည်း ဆောင်ရွက်ပေး တာ မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေ နှစ်တွေကတော့ နွေရာသီမှာ ရေမတက်ခဲ့ပဲ တောင်သူတွေ အကျိုးအမြတ်ခံစားခဲ့ရပါတယ်။

ကြီးအုံကြီးဝတမံကြောင့် စေတုတ္တရမြို့နယ်ထဲကကျေးရွာပေါင်း ၁၈ရွာက တောင်သူတွေရဲ့ ရိပ်သိမ်း ခါနီးနှမ်းခင်းတွေအချိန်အခါမဟုတ်ရေနစ်ပျက်စီးရတာ ဒီတစ်ကြိမ်နဲ့ဆို ၄ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

water 1 water 2 water 4 Water

The post မကွေးတိုင်းတွင် တမံရေပိတ်သည့် အတွက် နှမ်းခင်းဧက ၄၀၀ ကျော် ပျက်စီး appeared first on DVB.

ဝေဖာနှင့်ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုးစားသုံးရန်မသင့်ကြေညာ

$
0
0

စာသင်ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ ဝေဖာ၊ ကပ်စေးနှဲနဲ့ တုတ်ထိုးချိုချဉ်တွေ အပါအ၀င် အစားအစာ ၂၁ မျိုးကို သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးတွေပါဝင်နေတာ စစ်ဆေးတွေ့ရှိရတဲ့အတွက် အများပြည်သူ စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဌာနက ကြေညာပါတယ်။

ကြေညာထားတဲ့ အမျိုးအစားတွေထဲမှာ အမှတ်တံဆိပ်မပါ ရေခဲမုန့်ခွက်ဝေဖာ (ပန်းရောင်)၊ တုတ်ထိုးချိုချဉ် (အနီ၊ အစိမ်း၊အ၀ါရောင်နဲ့အ၀ိုင်း)၊ ရွှေသဇင် ချိုချဉ်ချောင်း၊ Angry Bird ရုပ်ပုံပါ ကြံပြားကပ်စေးနှဲ၊ Pinky ပင်ကီတံဆိပ် စတော်ဘယ်ရီနို့ဝေဖာ၊ ရွှေနဂါး ငရုတ်ဆီထုပ်နဲ့ ငရုတ်ဆီ (ပလတ်စတစ်ဘူး)၊ သားသားလေး ငရုတ်ဆီ၊ ကိုးသုံးလုံး ဂျုံခါက်ဆွဲ၊ ကောင်းကောင်း ဂျုံခေါက်ဆွဲ၊ ဟင်္ဟာမင်း လက်ဖက်၊ တုံတုံ ငါးပိထောင်းဘူး၊နဲ့ အရောင်တင်မှုန့် အမျိုး အစားတွေဖြစ်တဲ့ ရွှေမိုး၊ ဘုရင်၊ နွယ်၊ ဘုတ်ဘုတ်၊ မွှေးမွှေးလေးနဲ့ ရွှေယုန်မင်း တို့ပါဝင်ပါတယ်။

ဈေးကွက်တွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ အစားအစားတွေကို ဝယ်ယူစစ်ဆေးရာ Rhodamine B, Orange II , Sudan III , Auramine O နဲ့ Borax စတဲ့ ခွင့်မပြုဆိုးဆေးတွေပါဝင်နေတာတွေ့ရပြီး စားသုံးရန် မသင့်တဲ့ အစားအသောက်တွေအဖြစ် အသိပေးကြေညာတာလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေအနေနဲ့ သုံးစွဲခွင့်မပြုတဲ့ ဓာတုဆိုးဆေး တွေကို လုံးဝ အသုံးမပြုကြ ဖို့နဲ့ မလိုက်နာရင် ဥပဒေအရ တရားစွဲဆို အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

The post ဝေဖာနှင့်ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုးစားသုံးရန်မသင့်ကြေညာ appeared first on DVB.

စစ်တပ်ပိုင် မြ၀တီဘဏ် ပစ်ခတ်တိုက်ခိုက်ခံရ

$
0
0

ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြ၀တီဘဏ်ခွဲကို အမည်မသိ လက်နက်ကိုင် ၂ ဦး က လာရောက် ပစ်ခတ်သွားပြီး မှန်တွေကွဲသွားပေမယ့် ဘဏ်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရ တာ မရှိဘူးလို့ ပြည်နယ်ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၂၅ ရက်မနက် အစောပိုင်းမှာ သေနတ်သမားတွေကလက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့ ဒု-ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးကပြောပါတယ်။

“စိစစ်ဆဲသောင်းကျန်းသူ ၂ ယောက်ပေါ့ ၊ လက်နက်ငယ်တွေနဲ့ ဘဏ်ရဲ့ တစ်ဖက်ခြမ်းကနေလာပစ်သွားတာ၊ အဓိက ကတော့ သူတို့ ဆပ်ကြေးတောင်းတာမရလို့ပါ၊ လူတစ်ယောက်မှ မထိပါဘူး။ ဘဏ်ပိတ်ထားတဲ့ မနက် ၃ နာရီခွဲလောက် အချိန်ဖြစ်တာပေါ့။ ဘဏ်မန်နေဂျာကတော့ အပေါ်ထပ်မှာနေတယ် ဒါပေမယ့် ထိခိုက်မှု မရှိပါဘူး။ မှန်တွေကွဲသွားတယ် ၊ကျည်ပေါက်တွေဖြစ်သွားတယ်”လို့ ပြောပါတယ်။

ပစ်ခတ်တဲ့အချိနှ်ဘဏ်မှာ အရပ်သားလုံခြုံရေး အစောင့် ၃ ယောက်ရှိနေပြီး သေနတ်သမား တွေက ဆိုင်ကယ်နဲ့ လာပစ် ထွက်ပြေးသွားပုံရတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ ကိုးကန့်တိုက်ပွဲနဲ့ ပတ်သက်မှု မရှိနိုင်ပဲ မူဆယ်က ဘဏ်တွေကို မကြာသေးခင်က ဆပ်ကြေး တောင်းတဲ့ စာနဲ့ ဆက်စပ်နေပြီး ဘဏ်တွေက အကြာင်းမပြန်တဲ့ လာမပေးတဲ့ အတွက် ပစ်ခတ် တာလို့ ယူဆတယ်လို့လည်း ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

ဒီနေ့ထုတ် စစ်တပ်ပိုင် မြ၀တီသတင်းစာမှာတော့ လက်နက်ကိုင်သောင်းကျန်းသူတွေအနေနဲ့ မတ် ၁၉နဲ့ ၂၀ ရက်မှာ မူဆယ်မြို့ရှိ ဘဏ်တွေကို ဆက်ကြေး ကောက်ခံဖို့ ခြိမ်းခြောက်စာတွေပေးပို့ခဲ့ပြီးနောက် အဆင်ပြေလို့ အခုလို နှောင့်ယှက် ပစ်ခတ်တာလို့ သတင်း ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုကြောင့် ဘဏ်မြေညီထပ်၊ ပထမထပ်နဲ့ ဒုတိယထပ်ရှိ ဘဏ်ရှေ့ မျက်နှာစာမှန် တွေ လက်နက်ငယ် ကျည် ထိမှန်ပြီး ဘဏ် ကောင်တာ မှန်တွေနဲ့ အဝင် တံခါးမှန် ၂ ချပ်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရမှုမရှိဘူး လို့လည်း သတင်းမှာရေးပါတယ်။

လတ်တလော မူဆယ်မှာ ရဲနဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီးလုံခြုံရေးတိုးမြှင့် ချထားပြီး ထွက်ပြေး သွားတဲ့ သေနတ်သမားကို ဖမ်းဆီရမိဖို့ ရှာဖွေနေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

တရုတ်- မြန်မာ ကုန်သွယ်ရေးနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်တပ်ပိုင် ဘဏ်တွေဖြစ်တဲ့ မြ၀တီနဲ့ အင်းဝ ဘဏ်တွေ အပါအ၀င် ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၁ဒါဇင်လောက်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

(သတင်း ဓာတ်ပုံ မြ၀တီ)

(ဓာတ်ပုံ မြ၀တီ) (ဓာတ်ပုံ မြ၀တီ) (ဓာတ်ပုံ မြ၀တီ) (ဓာတ်ပုံ မြ၀တီ)

The post စစ်တပ်ပိုင် မြ၀တီဘဏ် ပစ်ခတ်တိုက်ခိုက်ခံရ appeared first on DVB.

နီပေါငလျင်ကြောင့် သေဆုံးသူ ၂၅၀၀ ကျော်ရှိ၊ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်

$
0
0

ဧပြီလ ၂၅ ရက်နေ့ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ နီပေါငလျင်ကြောင့် သေဆုံးသူ ၂၅၀၀ ကျော်ရှိသွားပြီလို့ နောက်ဆုံးရရှိခဲ့တဲ့ အတည်ပြုပြီးသတင်းတွေအရသိရှိရပြီး နောက်ထပ် တိုးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ စုစုပေါင်း ၂၅၀၀ ကျော် သေဆုံးခဲ့တဲ့အထဲမှာ မြို့တော် ကက်သမန်ဒူမှာ သေဆုံးသူ ၃ ချိုး တချိုးလောက်ပါဝင်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြပြီး ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ငွေကြေးထောက်ပံ့ကူညီမှုတွေနဲ့ ဆေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်နေကြ ပါတယ်။ အခုအချိန်ဟာ နီပေါမှာ တောင်တက်ရာသီဖြစ်လို့ ကမ္ဘာ့လှည့်ခရီးသွား သုံးသိန်းလောက်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ငလျင်အရှိန်ကြောင့် ဧ၀ရတ် တောင်ပေါ်မှာလည်း နှင်းထုပြိုဆင်းခဲ့လို့ အနည်းဆုံး ၁၇ ယောက် သေဆုံးခဲ့ပါတယ်။ မြို့တော် ကက်သမန်ဒူးမှာ အဆောက်အဦတွေ ပြိုကျသွားတဲ့အထဲမှာ ၁၉ ရာစုက တည်ဆောက်ခဲ့တဲ့ ပေ ၂၀၀ မြင့်တဲ့ ဒါရာဟာလာ နာရီစင်လည်းပါဝင်ပါတယ်။

ပြင်းအား ၇ ဒသမ ၉ ရှိတဲ့ ဒီငလျင်ဟာ နိုင်ငံမြို့တော်ရဲ့ အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ငယ်ကို ဗဟိုပြုပြီး နီပေါမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ငလျင် လှုပ်ခတ်မှုအရှိန်ကို ဒေလီမြို့အပါအ၀င် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ၊ တိဘက်ဒေသ၊ ဘင်္ဂလားဒေ့ရှ်တို့ အထိ ခံစားရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အိန္ဒိယ မြောက်ပိုင်းမှာ အနည်းဆုံး ၆၈ ဦးယောက်သေဆုံးခဲ့ပြီး၊ တိဘက်ဒေသမှာ ၂၀ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ၄ ယောက်လည်း သေဆုံးခဲ့အတွက် ငလျင်ကြောင့် သေဆုံးသူအနည်းဆုံး ၂၆၀၀ လောက်ရှိသွားပါပြီ။

အမေရိကန် ဘူမိဗေဒဌာနရဲ့ အဆိုအရ ငလျင်ဟာ မြေအောက် ၂ မိုင် အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာကြောင့် အထက်မြေပြင်နဲ့ အလွန်နီးစပ်ပြီး ပြင်းထန်တယ်လို့ သတ်မှတ်ပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ၆ ဒသမ ၆ နဲ့ ၅ ဒသမ ၁ ရှိတဲ့ နောက်ဆက်တွဲ ငလျင်နှစ်ခုလည်း ဆက်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေဟာ ငလျင်ဒဏ်ကို ကြုံခဲ့ပြီးနောက်အိမ်ပေါ်မှာ မနေရဲတော့ဘဲ ဧပြီလ ၂၆ ရက် တနင်္ဂနွေနေ့ညမှာလည်း ဒုတိယမြောက်နေ့ အိမ်ပြင်မှာပဲ ညအိပ်ခဲ့ကြပါတယ်။ နီပေါမှာ ၂၀၁၁ ခုနှစ်ကလည်း အားပြင်းတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅ ယောက်သေဆုံးခဲ့ဖူးပါတယ်။

၁၉၈၃ ခုနှစ်က ၈ ဒသမ ၃ ပြင်းအားရှိတဲ့ ငလျင်ကတော့ အဆိုးရွားဆုံးခဲ့ဖြစ်ပြီး လူ ၈၅၀၀ သေဆုံးခဲ့ဖူးပါတယ်။
Hundreds dead in Nepal earthquake, emergency declared Man cries as he walks on the street while passing through a damaged statue of Lord Buddha a day after an earthquake in Bhaktapur People work to rescue trapped people inside a temple in Bashantapur Durbar Square after an earthquake hit, in Kathmandu Powerful earthquake hits Nepal Powerful earthquake hits Nepal

The post နီပေါငလျင်ကြောင့် သေဆုံးသူ ၂၅၀၀ ကျော်ရှိ၊ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ် appeared first on DVB.

စစ်အသုံးစရိတ် ၀န်ထုပ်ဝန်ပိုးဖြစ်နေသည့် နိုင်ငံ ၂၀ တွင် မြန်မာပါဝင်

$
0
0

စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၄ ရာခိုင်နှုန်းအထက်ပိုသုံးပြီး ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ နိုင်ငံ ၂၀ ထဲမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနသိပ္ပံ (SIPRI) ရဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီအဖွဲ့ဟာ ဆွီဒင်နိုင်ငံမှာ အခြေစိုက်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစရိတ်နဲ့ လက်နက်အရောင်းအ၀ယ်ကိစ္စတွေကို စောင့်ကြည့် လေ့လာ မှတ်တမ်းပြုစု ထုတ်ပြန်နေတာပါ။

၂၀၁၄ ခုမှာ စစ်စရိတ် ဂျီဒီပီ ၄ ရာခိုင်နှုန်းနဲ့ အထက်သုံးတဲ့ နိုင်ငံ ၂၀ ကတော့ အိုမန်၊ ဆော်ဒီအာရေဗီးယား၊ တောင်ဆူဒန်၊ ချဒ်၊ လစ်ဗျား၊ အစ္စရေး၊ ရုရှား၊ လက်ဘနွန်၊ မြန်မာ၊အီရတ်၊ ယီမင်နဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း လက်နက်တင်ပို့ရောင်းချတဲ့ နိုင်ငံ ၁၀နိုင်ငံမှာပါဝင်တဲ့ တရုတ်နိုင်ငံဆီက လက်နက်အများဆုံးဝယ်တဲ့ အဓိက ဖောက်သည်တွေက မြန်မာ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံက တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေဆီက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူ ထားတဲ့ စာရင်းတွေကိုလည်း စတော့ဟုမ်းနိုင်ငံ တကာငြိမ်းချမ်းရေးသုသေနသိပ္ပံ က ထည့်သွင်းဖော်ပြထားပါတယ်။

စစ်လက်နက် ပစ္စည်းအမျိုးအစားတွေထဲမှာ စစ်သင်္ဘောတွေပါဝင်သလို၊ MiG-29 တိုက်လေယာဉ်တွေ၊ Mi-35P နဲ့ Mi-24P စစ်ရဟတ်ယာဉ်တွေ၊ တင့်ကားတွေ၊ ပုခုံးထမ်းလောင်ချာတွေနဲ့ ရေဒါ စတာတွေ ပါဝင်ပါတယ်။

မြန်မာကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်ကတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် မြန်မာကျပ်ငွေ ၂၇၅၀ ဘီလီယံပေးဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီက ပြည်ထောင်စု လွှတ်တော်မှာ တောင်းခံထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစာရိတ်ဟာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီရဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ခန့်မှန်းထားပါတယ်။

The post စစ်အသုံးစရိတ် ၀န်ထုပ်ဝန်ပိုးဖြစ်နေသည့် နိုင်ငံ ၂၀ တွင် မြန်မာပါဝင် appeared first on DVB.

တနှစ်တာ အကောင်းဆုံး ကစားသမားဆု ချဲလ်ဆီး ကွင်းလယ်သမား အေဒင် ဟာဇက်က ရရှိ

$
0
0

ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီအတွက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့က ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ချဲလ်ဆီး ကွင်းလယ်သမား အေဒင် ဟာဇက်က ရရှိသွားပါတယ်။

အသက် ၂၄ နှစ်အရွယ် ဟာဇက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၃၃ ပွဲမှာ ၁၃ ဂိုး သွင်းထားပြီး  အသင်းဖော်တွေ သွင်းနိုင်အောင် ၈ ဂိုး ကူညီထားပါတယ်။

Eden Hazard of Chelsea celebrates scoring against Aston Villa during their English Premier League soccer match at Villa Park, Birminghamဟာဇက်ကတော့“ဒီဆုနဲ့ ထိုက်တန်သလားတော့ မသိပါဘူး။ ဒါပေမယ့် အရမ်းတော့ ပျော်ပါတယ်။ ဒီရာသီမှာ ကောင်းကောင်း ကစားနိုင်ခဲ့သလို ချဲလ်ဆီး လည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ချဲလ်ဆီးဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ လက်တကမ်း အကွာမှာ ရောက်ရှိနေပါတယ်။

တနှစ်တာအတွက် လူငယ် အကောင်းဆုံး ဘောလုံးသမားဆုကို တော့ အသက် ၂၁ နှစ်အရွယ် စပါးစ်တိုက်စစ်မှူး ဟယ်ရီ ကိန်းက ရရှိသွားပါတယ်။

တိုက်စစ်မှူး ကိန်းဟာ ဒီနှစ်ရာသီမှာ ဂိုး ၂၀ သွင်းထားပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီးတိုက်စစ်မှူး အက်ဂွာရိုရဲ့နောက် ဒုတိယ သွင်းဂိုးအများဆုံးသူ အဖြစ် ရပ်တည်နေပါတယ်။

The post တနှစ်တာ အကောင်းဆုံး ကစားသမားဆု ချဲလ်ဆီး ကွင်းလယ်သမား အေဒင် ဟာဇက်က ရရှိ appeared first on DVB.

ယီမင်သမ္မတဟောင်းကို ထောက်ခံသည့်စစ်တပ်နှင့် ဟူသီသူပုန် ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲပြင်းထန်

$
0
0

ယီမင်နိုင်ငံတောင်ပိုင်းက အေဒင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က လက်ရှိသမ္မတ ဟာဒီကို ထောက်ခံတဲ့တပ်ဖွဲ့တွေနဲ့ အရင် သမ္မတဟောင်း ဆာလာကို ထောက်ခံသူစစ်တပ်နဲ့ ဟူသီသူပုန် ပူးပေါင်းတပ်ဖွဲ့တွ  တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လက ဆော်ဒီဦးဆောင်တဲ့လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ပြီး နောက်ပိုင်း အပြင်းထန်ဆုံးမြို့တွင်းတိုက်ပွဲတွေလို့ ဆိုပါတယ်။

နိုင်ငံခြားရေတပ်သဘောင်္တွေဟာ ဧပြီ ၂၆ ရက်နေ့က ယီမင်နိုင်ငံရဲ့ ကုန်သွယ်မှုအချက်အချာ၊ အေဒင်ဆိပ်ကမ်းကို ပထမဆုံး ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောဆိုပါတယ်။

ယီမင်တိုက်ပွဲတွေအတွင်း တင့်ကားတွေ၊ ရုရှားလုပ် ကတ်ယုရှာ(Katyusha) အတွဲလိုက်ပစ် ဒုံးကျည်တွေ ပထမဆုံး သုံးစွဲလာတာလည်း တွေ့ရပါတယ်။

yemen-houthi-rebels-attack-fighters-on-truck-street-president-palace-sanaa.jpg@protect0010001000@crop658370cဆာနာမြို့တော်မှာလည်း ဧပြီ ၂၆ ရက်နေ့က လေကြောင်းပစ်ခတ်မှု ၅ ကြိမ်ရှိခဲ့ပြီး ပြီးခဲ့တဲ့တပတ်က ဆော်ဒီလေကြောင်း တိုက်ခိုက်မှုတွေ အရှိန်လျော့ခဲ့ပြီးနောက်ပိုင်း ဒါဟာပြန်ပြီး အရှိန်မြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ ယီမင်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး၊ ပင်လယ်ကွေ့အတွင်း ရေနံတင်ပို့မှု အများဆုံးနဲ့ အင်အားအကြီးဆုံး ဆွန်နီမွတ်စလင် ဦးဆောင်နိုင်ငံလည်း ဖြစ်ပါတယ်။

ဒေသတွင်းပြိုင်ဖက် ရှီးယားမွတ်စလင် ဦးဆောင်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံက နောက်ခံတဲ့ ရှီးယားမွတ်စလင် ဟူသီသူပုန်တွေဟာ ဆာနာမြို့တော်ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဆော်ဒီကို စစ်ရေးအရ ခြိမ်းခြောက်တယ်လို့ သတ်မှတ်တာပါ။

ဆော်ဒီက ထောက်ခံတဲ့ ယီမင်သမ္မတ ဟာဒီ ယီမင်ကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ဆော်ဒီ ဦးဆောင်တဲ့  လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာလည်း အုပ်ချုပ်မှုလစ်ဟာလာတဲ့ ယီမင်နိုင်ငံမှာ နဂိုကတည်းက ရှိနေတဲ့ ဒေသတွင်း အယ်ကိုင်ဒါတွေလည်း ပြန်ခေါင်းထောင်လာပြီး အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာကို ဆက်သွယ်ပေးတဲ့ ကမ္ဘာ့ရေကြောင်းလမ်းကို ခြိမ်းခြောက်လာတာပါ။

ဒါကြောင့် အမေရိကန်နိုင်ငံက လေယာဉ်တင်သင်္ဘောတစီးနဲ့ ဒုံးကျည်ပစ် သင်္ဘောတစင်းကို အေဒင်ပင်လယ်ကွေ့ဆီ ပြီးခဲ့တဲ့တပတ်က စေလွှတ်ထားပါတယ်။

ယီမင်ပြည်တွင်းစစ်ဟာ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးကို ခြိမ်းခြောက်လာတဲ့အတွက် ယီမင်နိုင်ငံထဲ အီရန်လက်နက်တွေ ထပ်မပို့ဖို့ အမေရိကန်က သတိပေးထားပါတယ်။ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရိပ်အယောင်လည်း မတွေ့ရသေးပါဘူး။

The post ယီမင်သမ္မတဟောင်းကို ထောက်ခံသည့်စစ်တပ်နှင့် ဟူသီသူပုန် ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲပြင်းထန် appeared first on DVB.


ရီးရဲလ် အဝေးကွင်းတွင် ဆဲလ်တာဗီဂိုအသင်းကို အနိုင်ရ

$
0
0

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အဝေးကွင်းမှာ ဆဲလ်တာဗီဂိုအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

GettyImages-471260680.0ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ကာရူးစ်၊ ရောဒီဂတ်ဇ်နဲ့ ဟာနန်ဒက်က ၂ ဂိုး သွင်းယူပါတယ်။

မန်ယူကနေ အဌားချထားတဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ဟာ ရီးရဲလ်အတွက် ၂၄ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းပေးထားပါတယ်။

ဒီပွဲမှာ အိမ်ရှင် ဆဲလ်တာဗီဂိုအသင်းဟာ ဘောလုံးကိုင် ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့တာပါ။

ဒီပွဲအနိုင်ရလို့ ရီးရဲလ်မက်ဒရစ်ဟာ ၇၉  မှတ်နဲ့  အမှတ်ပေးဇယားကို ၈၁ မှတ်နဲ့ ဦးဆောင်နေတဲ့ ဘာစီလိုနာရဲ့ နောက် ၂ မှတ် အကွာကနေ ချန်ပီယံဆုအတွက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

The post ရီးရဲလ် အဝေးကွင်းတွင် ဆဲလ်တာဗီဂိုအသင်းကို အနိုင်ရ appeared first on DVB.

ဂရမ်မီတေးဂီတဆုရ ရက်ပါအဆိုတော် သေနတ်ဖြင့် ပစ်ခတ်ခံရ (ရုပ်သံ)

$
0
0

ဂရမ်မီတေးဂီတဆုရ အမေရိကန်လူမည်း ရက်ပါအဆိုတော် လယ်ဝိန်း(Lil Wayne)တို့ အဖွဲ့လိုက်ပါလာတဲ့ ဘတ်စ်ကားဟာ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ ပစ်ခတ်ခံရတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က အမေရိကန်သတင်းတွေမှာ ဖော်ပြပါတယ်။

အန်ဘီစီရုပ်သံဌာနက ရရှိတဲ့ပုံတွေအရ အတ္တလန်တာမြို့တော်ရှိ ကော့ဘ် ကောင်တီ(Cobb County)မြို့နယ်ကို ဘတ်စ်ကားဖြတ်သန်းစဉ် ပစ်ခတ်ခံရပြီး လိုက်ပါသူတဦးကိုမှ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

အဆိုတော် လယ်ဝိန်းဟာ ၀ီဇီ(Weezy)လို့ လူသိများကျော်ကြားပြီး အတ္တလန်တာမြို့ ဖျော်ဖြေပွဲတခုက အပြန်မှာ ပစ်ခတ်ခံရတာလို့ သတင်းတွေက ဆိုပါတယ်။

လယ်ဝိန်းဟာ ၂၀၀၈ ခုနှစ်က အကောင်းဆုံး ရက်ပါ အယ်ဘမ်ဆု၊ အကောင်းဆုံး ရက်ပါ သီချင်းဆု၊ အကောင်းဆုံး ရက်ပါ တေးဂီတတဦးချင်းဖျော်ဖြေမှုဆုနဲ့ အဖွဲ့လိုက်တွေမှာ ဂရမ်မီဆုတွေ ရရှိထားတာပါ။

လက်နက်မှုတွေ၊ ဆေးခြောက်မှုတွေနဲ့ မကြာခဏ ရုံးတင်ခံရပြီး ၂၀၁၀ ခုနှစ်တုန်းက နယူးယောက်မြို့မှာ လက်နက်မှုနဲ့ ထောင် ၈ လ အချခံရဖူးပါတယ်။

The post ဂရမ်မီတေးဂီတဆုရ ရက်ပါအဆိုတော် သေနတ်ဖြင့် ပစ်ခတ်ခံရ (ရုပ်သံ) appeared first on DVB.

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးက အဓိကလား၊ အခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကလား?

$
0
0

သူတို့အမြင် သူတို့စကား

၂၀၁၅ ခုနှစ်အတွင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ နိုင်ငံရေးပါတီတွေနေနဲ့ ပြင်ဆင်ဆောင်ရွက်နေတာတွေရှိနေသလို ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ တိုင်းရင်းသာပါတီ တော်တော်များများကလည်း ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးက အဓိကလား အခြေခံဥပဒေ ပြင်ဆင်ရေးကအဓိကလားဆိုတာကို ဒီတပတ်ရဲ့ Election Perspectives မှာ ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်နန်းထွေးမှုံ (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)
နဂိုအစကတည်းက ကျမတို့မှာ ၂၀၀၈ အခြခံဥပဒေမပြင်ရင် ရွေးကောက်ပွဲမ၀င်ဘူးဆိုတာကို တောက်လျှောက် ကျမတို့ပြောလာပါတယ်။ ဒါပေမယ့် အခြေအနေက အားလုံးကို သုံးသပ်တဲ့အခါမှာ ကျမတို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ လွှတ်တော်ထဲကို ၀င်မှဖြစ်မှာ ဆိုတာကို စဉ်းစားလာတယ်။

ဦးငိုင်ဆာခ့် (ဥက္ကဋ္ဌ – ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
ဒီနှစ်ခုလုံးက တကယ်တမ်းပြောရရင် အရေးကြီးတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ အောင်နိုင်ချင်တာ ဘာကြောင့်လဲဆိုရင် ကျနော်တို့ရာထူးရရေးက အရေးမကြီးပါဘူး။ ဘာအတွက်အရေးကြီးလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို အခြေခံတဲ့ အခြေခံဥပဒေဖြစ်ရေးအတွက်ကို ရွေးကောက်ပွဲဝင်ရတာပါ။ ဘယ်ဟာအရေးကြီးလဲဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက အရေးကြီးဆုံးပဲ။ စစ်မှန်သောပြည်ထောင်စုစနစ်တည်ဆောက်ဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တိုင်ရင်းသားလူမျိုးတွေတန်းတူညီတူ ဖြစ်ဖို့က အရေးကြီးဆုံးပဲ။ အဲဒီဟာကို အကောင်အထည်ဖော်ဖို့သာလျှင် ပါတီဖွဲ့စည်ပြီး ရွေးကောက်ပွဲဝင်ရတာ ဖြစ်ပါတယ်။

Zam Za Mung (အတွင်းရေးမှူး – ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)
ကျနော်တို့ပါတီအနေနဲ့က နှစ်ခုလုံးက အဓိကကျတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အရေးကြီးသလို ၂၀၁၅ မှာ ကျနော်တို့ပါတီအနိုင်ရဖို့ကလည်း အရေးကြီးတယ်။ နှစ်ခုလုံးအရေးကြီးပါတယ်။

ဦးစနီအောင် (ဥက္ကဋ္ဌ ခူမီးအမျိုးသားပါတီ)
ကျနော်တို့ပါတီအနေနဲ့က ရွေးကောက်ပွဲအောင်မြင်ရေးကလည်း အရေးကြီးတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း အရေးကြီးတယ်။

ဦးမြင့်မောင် (ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)
ကျနော်တို့ပါတီအနေနဲ့ ကတော့ လောလောဆယ်မှာ တတိယအင်အားစုအဖြစ်ရပ်တည်ထားတဲ့ ပါတီဖြစ်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးက အဓိကပါပဲ။

The post ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးက အဓိကလား၊ အခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကလား? appeared first on DVB.

အိမ်ဖြူတော် အီးမေးလ်စနစ် ထိုးဖောက်ခံရမှု အိုဘားမား အီးမေးလ်များ အဖောက်ခံရ

$
0
0

ပြီးခဲ့တဲ့နှစ်က အမေရိကန် သမ္မတအိမ်ဖြူတော်ရဲ့ ကွန်ပြူတာစနစ်ကို ထိုးဖောက်ခံရချိန်က ရုရှားဟက်ကာတွေက သမ္မတအိုဘားမားရဲ့ အီးမေးလ်တွေကို  ထင်တာထက် ပိုပြီး ရယူနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က နယူးယောက်တိုမ်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ရုရှားဟတ်ကာတွေက သူတို့မျှော်လင့်ခဲ့တာထက် ပိုပြီးဖတ်ခွင့်ရခဲ့တယ်လို့ ပြောဆိုပေမယ့် အိမ်ဖြူတော်ကတော့ သမ္မတရဲ့ အရေးကြီးတဲ့စာတွေ၊ အချက်အလက်တွေက ပိုပြီး လုံခြုံတဲ့ကွန်ပြူတာတလုံးမှာ ထားရှိတယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အိမ်ဖြူတော်အီးမေးလ်စနစ် ထိုးဖောက်ခံရတော့ စနစ်တခုလုံးကို ပိတ်ချခဲ့ရတာပါ။

အဲဒီတုန်းက အိမ်ဖြူတော်ကွန်ပြူတာစနစ်တင်မက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန စက်တွေကိုပါ အဖောက်ခံခဲ့ရပြီး သမ္မတနဲ့ သူရဲ့ အကြံပေးတွေ သုံးတဲ့ ဘလက်စ်ဘယ်ရီ ဖုန်းတွေကတော့ အဖောက်ခံရတဲ့ပုံ မပေါ်ပါဘူး။

ဒါပေမယ့် ရုရှားဟတ်ကာတွေဟာ အိမ်ဖြူတော်အီးမေးလ် အဟောင်းတွေတော့ ဖွင့်ခွင့်ရခဲ့ကြပါတယ်။

အမေရိကန်ထိပ်တန်းအရာရှိတွေဟာ သူတို့ရဲ့ရုံးတွေမှာ သာမန်လုံခြုံရေးအဆင့်နဲ့ ကွန်ပြူတာနဲ့ လုံခြုံရေးအထူးအဆင့်မြင့်ကွန်ပြူတာဆိုပြီး ကွန်ပြူတာ ၂ လုံး သုံးကြတယ်လို့ နယူးယောက်တိုမ်းသတင်းစာက ရေးသားပါတယ်။

ဒါပေမယ့် အမေရိကန်အရာရှိကြီးတွေဟာ အရေးကြီးအချက်အလက်တွေနဲ့ အရေးကြီးစာတွေ သာမန်လုံခြုံရေးအဆင့်နဲ့ ကွန်ပြူတာကနေပဲ ပေးပို့တယ်လို့ ၀န်ခံပြောဆိုကြပါတယ်။

The post အိမ်ဖြူတော် အီးမေးလ်စနစ် ထိုးဖောက်ခံရမှု အိုဘားမား အီးမေးလ်များ အဖောက်ခံရ appeared first on DVB.

နီပေါငလျင် သေဆုံးသူ ၃၂၀၀ ရှိလာပြီး လူပေါင်း ၆၅၀၀ ဒဏ်ရာရ

$
0
0

နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၂၀၀ ရှိသွားပြီ ဖြစ်သလို ၆၅၀၀ လောက်ဒဏ်ရာရသွားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ဆိုးရွားတဲ့ ရာသီဥတုက အနှောင့်အယှက် ဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန အကြီးအကဲက ပြောပါတယ်။

မြို့တော် ကတ်သမန်ဒူးမှာ လျှပ်စစ်မီးတွေ မရှိသလို လေဆိပ်တွေဟာလည်း ပိတ်ထားတဲ့ အတွက် အိမ်ပြန်မယ့် နိုင်ငံခြားသားတွေ သောင်တင်နေတယ်လို့ ဆိုပါတယ်။

ဆေ၀ါးနဲ့ ရွက်ဖျင်တဲတွေဟာ နီပေါအတွက် အလိုအပ်ဆုံး အရာတွေ ဖြစ်တယ်လို့လည်း သတင်းတွေက ရေးပါတယ်။

ပြင်းအား ၇ ဒသမ ၉ ရှိတဲ့ ငလျင်က နိုင်ငံမြို့တော် အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ငယ်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ဟာ နီပေါမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

The post နီပေါငလျင် သေဆုံးသူ ၃၂၀၀ ရှိလာပြီး လူပေါင်း ၆၅၀၀ ဒဏ်ရာရ appeared first on DVB.

ခန္ဓာကိုယ်ပြင်ပတွင် လူ့နှလုံးဆဲလ်များကို လှုပ်ရှားစေနိုင်သည့် နှလုံးသားချပ်စ်ပြားစနစ် တီထွင်

$
0
0

ဇီဝအင်ဂျင်နီယာတွေက ပထမဆုံးအကြိမ်အဖြစ် လူ့ခန္ဓာကိုယ်ပြင်ပမှာ လူ့နှလုံးဆဲလ်တွေကို လှုပ်ရှားစေနိုင်တဲ့ စနစ်တခုကို ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေတက္ကသိုလ်မှာ တီထွင်ခဲ့ကြပါတယ်။

7.Heart chip beats towards better drug screening personalized medicineဇီဝအင်ဂျင်နီယာပါမောက္ခ ကယ်ဗင်ဟီလီ ကတော့ ဒီကိရိယာကို ချပ်စ်ပြားပေါ်က နှလုံးလို့ အမည်ပေးထားပါတယ်။ ဒီကိရိယာကို အိုင်ပီအက်စ် ပင်မဆဲလ်ကနေ ထုတ်ယူထားတဲ့ ဆဲလ်လွှာတွေနဲ့ တည်ဆောက်ထားတာပါ။ ဒီဆဲလ်လွှာတွေကို ဆီလီကွန်ချပ်စ်ပြားပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီဆဲလ်တွေ ဆက်တိုက်ခုန်နေအောင် လူ့ဆံခြည်ထက် ပါးလွှာတဲ့ အဏုဇီဝအရည်စီးကြောင်းတွေနဲ့ အာဟာရ ပြုပေးထားပြီး ဒီစီးကြောင်းတွေက စမ်းသပ်မယ့်ဆေးဝါးတွေ ဆဲလ်တွေဆီ အရောက်ပို့ ပေးပါတယ်။

“ဒါတွေက တကယ့်သွေးတွေအတိုင်း တုပထားတဲ့ သွေးကြောတုတွေပါ။ အရည်တွေက ဒီတစ်ရှုးကို ဖြတ်ပြီး ဆေးဝါးတွေ အုပ်ပြီးသား ဖြစ်သွားတယ်၊ ကဖိန်းဓာတ်သွင်းပေးလိုက်တာနဲ့ ချစ်ပ်ပြားပေါ်ကနှလုံးက ခုန်နှုန်းတက်လာတယ်။ အဒရီနယ်လင် သွင်းပေးလိုက်ရင်လည်း ခုန်နှုန်း တက်လာတာပဲ။”လို့ သုတေသနကို ဦးဆောင်နေတဲ့ သိပ္ပံပညာရှင်တွေထဲက တဦးက ဆိုပါတယ်။

လူ့ရဲ့ ဇီဝကမ္မဗေဒကို တုပထားတာမို့ ဒီကိရိယာက ဆေးဝါးဖွံ့ဖြိုးမှုအတွက် သစ်ဆန်းပြီး အားကောင်းတဲ့ လက်နက်တခုပဲလို့ သူက ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဒီဆဲလ်တွေပေါ်မှာ ဆေးဝါးအမျိုးမျိုးရဲ့သက်ရောက်မှုကို သရုပ်ခွဲ နိုင်ကြပါတယ်။ ခုလောလောဆယ်မှာတော့ ဆေးဝါးကုမ္ပဏီတွေဟာ တိရစ္ဆာန်တွေနဲ့ ဆေးဝါးသစ်တွေ စမ်းသပ်ရာမှာ ဘီလျံချီပြီး အကုန်အကျခံနေကြပါတယ်။ ဒါပေမယ့် ဒီဆေးသစ်တွေဟာ လူသားတွေမှာ အဆိပ်သင့်မှု ဖြစ်စေသလားဆိုတာ ခန့်မှန်းရာမှာ လွဲတဲ့အကြိမ်က ပိုများနေပါတယ်။

10.Heart chip beats towards better drug screening personalized medicineဒီနှလုံးသားချပ်စ်ပြားကတော့ ဆေးဝါးသစ်စမ်းသပ်ရာ မှာ  တော်လှန် ပြောင်းလဲနိုင်ရုံသာမက လူတွေမှာ ဖြစ်တဲ့ရောဂါတွေအတွက် ဆေးဝါးတွေ စမ်းသပ်ရာမှာ လူ့ဆဲလ်တွေ သုံးပြီး စမ်းသပ်နိုင်တဲ့ အဆင့်ထိ မြှင့်တင်နိုင်တဲ့ လက်နက်တခု ဖြစ်လာတော့မှာပါ။ ဒီသုတေသနက ကနဦးအဆင့်ပဲ ရှိသေးပေမယ့် ကြီးမားတဲ့ အလားအလာရှိတယ်လို့ ဟီလီက ဆိုပါတယ်။ ဟီလီကတော့ တနေ့မှာ ဒီကိရိယာတွေဟာ လူနာရဲ့ဆဲလ်ကို သုံးပြီး လိုက်ဖက်မယ့်ကုထုံးကို ထုတ်ပေးနိုင်မယ့် လက်နက်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ခုတော့ အနာရုဂ်မာသာဟာ သူ့ရဲ့အောင်မြင်မှုအပေါ် ကျေနပ်နေသလို အောင်မြင်မှုရစက အိပ်ပျက်ခဲ့ရတဲ့ညနေကို သတိရနေပါတယ်။

“ဘာကြောင့်မအောင်မြင်ရတာလဲဆိုပြီး ၀မ်းနည်းခဲ့ရတဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။ အိပ်လို့လည်း မရ၊ ရပြန်တော့လည်း ဒီနှလုံးဆဲလ်တွေနဲ့ ကိရိယာတွေက အိပ်မက်ထဲ ရောက်နေပြန်ရော။”

ဒါပေမယ့် ဒီအိပ်မက်တွေဟာ နောက်ဆုံးတော့ တကယ်ဖြစ်လာခဲ့ပြီး ဆေးပညာရပ်မှာ လက်နက်ဆန်းတခုကို ဖန်တီးနိုင်ခဲ့ပြီပဲ ဖြစ်ပါတော့တယ်။

The post ခန္ဓာကိုယ်ပြင်ပတွင် လူ့နှလုံးဆဲလ်များကို လှုပ်ရှားစေနိုင်သည့် နှလုံးသားချပ်စ်ပြားစနစ် တီထွင် appeared first on DVB.

ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်တွင် မိုချင်ဂလတ်ဘတ်က ၀ု့စ်ဘာတ်ကို အနိုင်ရ

$
0
0

ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ မိုချင်ဂလတ်ဘတ်က ၀ု့စ်ဘာတ်ကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။

Wolfsburg Lostဒီပွဲမှာ နှစ်သင်းစလုံး ခြေစွမ်း မကွာလို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ အိမ်ရှင် မိုချင်ဂလတ်ဘတ်အတွက် တလုံးသော အနိုင်ဂိုးကို မိနစ် ၉၀ မှာ  သွင်းယူတာ ဖြစ်ပါတယ်။

ဒီပွဲ ရှုံးလို့ ၀ု့စ်ဘာတ်ဟာ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်နဲ့ ၁၅ မှတ်အကွာကို ရောက်ရှိသွားပါတယ်။

ဒါကြောင့် ဘိုင်ယန်မြူးနစ်က လက်ကျန်ပွဲ ၄ ပွဲ ကျန်တဲ့အချိန်မှာ ၀ု့စ်ဘာတ်ကို အမှတ်ဖြတ်ပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။

လောလောဆယ် အမှတ်ပေးဇယားမှာ ၀ု့စ်ဘာတ်က ၆၁ မှတ်နဲ့ အဆင့်  ၂ နေရာမှာ ရပ်တည်နေပြီး မိုချင်ဂလတ်ဘတ်က ၅၇ မှတ်နဲ့ အဆင့် ၃ မှာ ရှိနေပါတယ်။

The post ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်တွင် မိုချင်ဂလတ်ဘတ်က ၀ု့စ်ဘာတ်ကို အနိုင်ရ appeared first on DVB.


အာဖဂန်နစ္စတန်တွင် အစိုးရတပ်နှင့် တာလီဘန်များ တိုက်ပွဲပြင်းထန်၊ အစိုးရတပ်သား ၃၀ ကျဆုံး (ရုပ်သံ)

$
0
0

အာဖဂန်နစ္စတန်မှာ အစိုးရတပ်နဲ့ တာလီဘန်တွေ တိုက်ပွဲပြင်းထန်နေပြီး အစိုးရတပ်သား ၃၀ ကျဆုံးခဲ့ပါတယ်။

ဒါကြောင့် သမ္မတ အပ်စရက် ဂန်နီက အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ အာဖဂန်သမ္မတရဲ့ ပထမဆုံးခရီးစဉ်မှာ အိန္ဒိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

ဒါဟာ အိန္ဒိယအနေနဲ့ ဒေသတွင်းမှာ ပါကစ္စတန်နဲ့ အပြိုင် မဟာမိတ်ဖွဲ့နိုင်မယ့် အခွင့်အရေး တရပ်လည်း ဖြစ်ပါတယ်။

အာဖဂန် သမ္မတသစ်ဟာ အရင်သမ္မတ ဟာမစ်ကာဇိုင်းနဲ့ မတူဘဲ တာလီဘန်တွေနဲ့ ညှိနှိုင်းတဲ့ အရေးမှာ  ပါကစ္စတန်ဆီက အကူအညီ ရရှိဖို့ ကြိုးစားနေပါတယ်။

ဒါအပြင် အာဖဂန်ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်သြဇာကို အသုံးချဖို့နဲ့ တရုတ်ရဲ့ အရင်းအနှီးတွေ အာဖဂန်ကို ၀င်ရောက်ဖို့ ဖိတ်ခေါ်နေပါတယ်။

တချိန်တည်းမှာ တရုတ်ကလည်း ဒီတပတ်ထဲမှာပဲ အိန္ဒိယရဲ့ အိမ်နီးချင်းဖြစ်တဲ့ ပါကစ္စတန်မှာ အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကြေညာထားတာရှိပါတယ်။ ဒါကြောင့် အိန္ဒိယဟာ တောင်အာရှဒေသတွင်းမှာ သြဇာကျဆင်းလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ဒီလ အစောပိုင်းမှာတော့ အိန္ဒိက အသေးစား ရဟတ်ယာဉ် ၃ စင်းကို အာဖဂန်ကို ပို့ပေးခဲ့တယ်လို့ နှစ်ဖက် အရာရှိတွေက ပြောပါတယ်၊

တကယ်တော့ အိန္ဒိယဆီက လက်နက်တွေ၊ တင့်ကားတွေအပါအ၀င် စစ်ရေးအကူအညီတွေကို သမ္မတ ကာဇိုင်း လက်ထက်ကတည်းက တောင်းခံထားတာ ဖြစ်ပါတယ်။

အာဖဂန် သမ္မတသစ် ဂန်နီဟာ အိန္ဒိယ ခရီးစဉ် မတိုင်ခင်မှာ တရုတ်၊ ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားခဲ့ပြီး အိန္ဒိယမှာ ၃ ရက် လည်ပတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

The post အာဖဂန်နစ္စတန်တွင် အစိုးရတပ်နှင့် တာလီဘန်များ တိုက်ပွဲပြင်းထန်၊ အစိုးရတပ်သား ၃၀ ကျဆုံး (ရုပ်သံ) appeared first on DVB.

ထိုင်း မဟာချိုင် ကားတိမ်းမှောက်မှု မြန်မာ ၉ ဦးသေ

$
0
0

ထိုင်းနိုင်ငံ ဘန်ကောက်အနီး မဟာချိုင်တွင် ပလာထပ်ကျင်မှာ မြန်မာအလုပ်သမား ၂၁ ဦး ကို တင်ဆောင်လာတဲ့ ကား ဧပြီ ၂၇ ရက်က ညက တိမ်းမှောက်ခဲ့သဖြင့် ၉ ဦး သေဆုံးခဲ့ပါတယ်။

၁၂ ဦးကို ဆေးရုံပို့ဆောင်ခဲ့သလို ၉ ဦးက အရေးပေါ် ကုသခံနေရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(အမ်အေတီ) ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“ပွဲချင်းပြီး ၈ ယောက် သေတယ်၊ ဆေးရုံပေါ်မှာ ၁ ယောက်သေတယ်။ အရေးပေါ် လူနာက ၄ ယောက်၊ ည ၈ နာရီကျော် ၉ နာရီလောက်မှာ အလုပ်က ပြန်လာတဲ့ ကားက မဆင်မခြင် မောင်းပြီးတော့ ကားက အရှိန်လွန်ပြီး လမ်းထဲက အုတ်နံရံကို ၀င်ဆောင့်တော့ အလုပ်သမားခေါင်းတွေ အကုန် ကိုင်ရိုက်သတ်သလို သေကုန်တာ။ ကားသမားက ဘာမှ မဖြစ်ဘူး။ ထိုင်းမှာ ကားသမားတွေ အတွက် ခါးပတ်ကြိုးပါတယ်။ အလုပ်သမားတွေမှာက အကာအကွယ်ဘာမှ မရှိဘူး”လို့ သူက ပြောပါတယ်။

ကားမောင်းတဲ့သူတွေက မြန်မာတွေဖြစ်ပြီး တစုံတရာ ထိခိုက်မှုမရှိသလို ကားကို မဆင်မခြင် မောင်းနှင်တဲ့ အတွက် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်ကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ချောင်ပူရီးမြို့ ခွေး အစားအစာ ထုတ်လုပ်တဲ့ စက်ရုံမှာ အသက် ၃၉ နှစ် မြန်မာအလုပ်သမား တဦး အစာကြိတ်စက်ထဲ ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ထိုင်း ခေါင်ဆွတ် သတင်းက ရေးပါတယ်။

ဒါ့အပြင် တာ့ခ်ခရိုင် မဲဆောက်မြို့က ကားရေဆေးဆိုင်မှာ အသက် ၁၆ နှစ် မြန်မာအလုပ်သမားတစ်ဦး တိုက်ခေါင်မိုးပေါ်မှာ လျှပ်စစ်ကြိုးသွယ်တန်းနေရင်း ၀ိုင်ယာ ရှော့ခ်ဖြစ်လို့ ပြုတ်ကျသေဆုံးခဲ့ပါတယ်။

သွားရောက်ကူညီတဲ့ ထိုင်းလူမျိုး ဆိုင်ပိုင်ရှင် သားအဖပါ ဓာတ်လိုက်ပြီး ဒဏ်ရာရှိသွားတယ်လို့ မဲဆောက်ဒေသတွင်း သတင်းဌာနမှာ ဖော်ပြပါတယ်။

The post ထိုင်း မဟာချိုင် ကားတိမ်းမှောက်မှု မြန်မာ ၉ ဦးသေ appeared first on DVB.

ဘာစီလိုနာအသင်းတွင် ဘယ်ဂျီယံလက်ရွေးစင် ဗာမယ်လန် ကစားခွင့်ရလိမ့်မည်ဟု နည်းပြ ပြော

$
0
0

ဘယ်ဂျီယံလက်ရွေးစင် နောက်တန်းသမား သောမတ်စ် ဗာမယ်လန်အနေနဲ့ ဘာစီလိုနာအသင်းမှာ ကစားခွင့်နေရာ တနေရာ ရလာလိမ့်မယ်လို့ နည်းပြ လူးဝစ် ဟင်နရီကေးက ပြောပါတယ်။

Thomas Vermaelen2

လောလောဆယ်မှာ ဘယ်ဂျီယံလက်ရွေးစင် ဗာမယ်လန်ဟာ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တံကောက်ကြော ဒဏ်ရာရပြီး ကာလကြာရှည် နားနေရပါတယ်။

ဘာစီလိုနာက အသက် ၂၉  နှစ်အရွယ် နောက်တန်းလူ ဗာမယ်လန်ကို အာဆင်နယ်ကနေ ခေါ်ယူထားတာပါ။

နည်းပြ ဟင်နရီကေးကတော့ “သူက အသင်းရဲ့ အစိတ်အပိုင်းအနေနဲ့ ပါပြီးသားပါ။ သူ့အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝဖို့တော့ လိုနေပြီး တခြား ကစားသမားတွေလိုပဲ အခွင့်အရေး ရှိနေပါတယ်”လို့  ပြောပါတယ်။

သူဟာ ဘာကာ နောက်တန်းမှာ  ပုံမှန် ကစားခွင့် ရဖို့အတွက် ဘာတရာ၊ မက်သယူးတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

ဘာစီလိုနာအသင်းဟာ လောလောဆယ် ဖလား ၃ လုံး ရနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။

The post ဘာစီလိုနာအသင်းတွင် ဘယ်ဂျီယံလက်ရွေးစင် ဗာမယ်လန် ကစားခွင့်ရလိမ့်မည်ဟု နည်းပြ ပြော appeared first on DVB.

ဧပြီ ၂၈ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

$
0
0

ဧပြီ ၂၈ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ် လာကို ၁၀၇၅ ကျပ်၊ ၁ ယူရိုငွေကို ၁၁၆၉ ဒသမ ၃   ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၂ ဒသမ ၈၆ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၈၀၉ ဒသမ ၁၂ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၂ ဒသမ ၉၂ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တစ်ကျပ်သားကို ၀ယ်ဈေး ၆၈၆၀၀၀ ဖြစ်ပြီး ရောင်းဈေးက ၁၀၀၀ ကျပ် ပိုပါတယ်။

ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို  ၁၁၈၂.၃ ဒေါ်လာဈေးပေါက်ပါတယ်။

ကိုးကား – မြန်မာနိုင်ငံတော် ဗဟိုဘဏ်

The post ဧပြီ ၂၈ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး appeared first on DVB.

ဆော်ဒီ ဦးဆောင်သည့် လေကြောင်းထိုးစစ် သူပုန်အဖွဲ့ စခန်းများကို ပစ်မှတ်ထားတိုက်ခိုက် (ရုပ်သံ)

$
0
0

ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ ဆော်ဒီ ခေါင်းဆောင်တဲ့ လေကြောင်း ထိုးစစ်ဟာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ရှီးယားမွတ်စလင်ဟူသီ လက်နက်ကိုင်တွေနဲ့ သူပုန်အဖွဲ့တွေရဲ့ စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။

မြို့ခံတွေရဲ့ အဆိုအရ စစ်လေယာဉ်တွေဟာ ဧပြီ ၂၇ ရက်နေ့နဲ့ ၂၈ ရက် ဒီနေ့ မနက်ပိုင်းအထိ ပျံဝဲနေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေဟာ ဧပြီ ၂၆ ရက်နေ့က ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

ဒီမတိုင်ခင်ကတော့ ဟူသီလက်နက်ကိုင်တွေက ရှေ့ဆက်မတက်ရင် ဆော်ဒီကလည်း တိုက်ခိုက်မှုတွေကို ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆော်ဒီ ခေါင်းဆောင်တဲ့ လေကြောင်းထိုးစစ်ဟာ ၅ ပတ်ထဲမှာ ရှိလာပြီး ဧပြီ ၂၇ ရက်နေ့မှာ  ဆာနာမြို့တော်ရှိ သမ္မတအိမ်တော်အ၀ါအ၀င် မြို့တွင်း နေရာအတော်များများမှာ ဗုံးဆံ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

တချိန်တည်းမှာ  နိုင်ငံ အလယ်ပိုင်းက မဟာဗျူဟာကျတဲ့ တိုင်ဇ် မြို့မှာလည်း မြေပြင် တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

အသေအပျောက်စာရင်းတော့ လောလောဆယ် မသိရသေးပါဘူး။

မတ်လ ၂၆ ရက်နေ့မှာ လေကြောင်းထိုးစစ် စတင်ခဲ့တဲ့အချိန်ကနေ အခုအထိ ၅၅၁ ယောက် သေဆုံးခဲ့ပြီး၊ ပဋိပက္ခ စတင်ခဲ့တဲ့ အချိန်ကစရင် ၁၀၀၀ ကျော် သေဆုံးခဲ့ပြီလို့ ကုလသမဂ္ဂက ဆိုပါတယ်။

ဒီလို သေဆုံးသူတွေထဲမှာ ၁၁၅ ယောက် ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ယူနီဆက်ဖ်အဖွဲ့က ပြောပါတယ်။

The post ဆော်ဒီ ဦးဆောင်သည့် လေကြောင်းထိုးစစ် သူပုန်အဖွဲ့ စခန်းများကို ပစ်မှတ်ထားတိုက်ခိုက် (ရုပ်သံ) appeared first on DVB.

Viewing all 36043 articles
Browse latest View live