Quantcast
Channel: DVB
Viewing all 36043 articles
Browse latest View live

သြစတြေးလျတွင် ဆိုင်ကလုံးမုန်တိုင်းနောက်ဆက်တွဲ ရေကြီး

$
0
0

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်မှာ ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို ၃ ရက်ကြာ ခံလိုက်ရပြီး ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့မှာ ရာသီဥတု အခြေအနေ ပြန်ကောင်းလာပါတယ်။

ဒါပေမယ့် မုန်တိုင်းနောက်ဆက်တွဲအဖြစ် ရေကြီးတာတွေကတော့ တချို့အပိုင်းတွေမှာ ပြန်မကျသေးပါဘူး။
အပျက်အစီးတန်ဖိုး ဒေါ်လာသန်းရာနဲ့ချီရှိမယ်လို့ အစိုးရက ပြောပါတယ်။

ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး စိတ်ရှည်သည်းခံဖို့လည်း လိုအပ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် မိုက်ဘတ်က ပြောပါတယ်၊

ဧပြီ ၂၃ ရက်နေ့အထိ သေဆုံးသူ ၄ ဦး ရှိတယ်လို့ အတည်ပြုနိုင်ပါတယ်။ မုန်တိုင်းကြောင့် နိုင်ငံအရှေ့ပိုင်း ရာနဲ့ချီတဲ့ ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။

မုန်တိုင်းဟာ တနာရီ ၈၅ မိုင်နှုန်းအထိ တိုက်ခတ်ခဲ့တယ်လို့ မိုးလေ၀သဌာနက ထုတ်ပြန်ပါတယ်။
နောက်ထပ် မုန်တိုင်းငယ်တခုလည်း ဒီတပတ်ထဲမှာ နယူးဆောက်ဝေး ကမ်းခြေကို ၀င်ရောက်နိုင်တယ်လို့ သြစတြေးလျမိုးလေ၀သဌာနက ကြိုတင် သတိပေးထားပါတယ်။

The post သြစတြေးလျတွင် ဆိုင်ကလုံးမုန်တိုင်းနောက်ဆက်တွဲ ရေကြီး appeared first on DVB.


မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်း

$
0
0

မြန်မာပြည်က ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်း ၂ ခုကို ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားတဲ့စာရင်းက ပယ်ဖျက်လိုက်ပြီလို့ အမေရိ ကန်နိုင်ငံခြားရေးဌာနက ဧပြီလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။

ဦးဝင်းအောင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း ၂ ခုကတော့ ဒဂုန်အင်တာနေရှင်နယ် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ဒဂုန်သစ်လုပ်ငန်းကုမ္ပဏီတွေဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာတော့ ဘဏ္ဍာရေးဌာနရဲ့ အထူးရွေးချယ် တားဆီးကန့်သတ်ထားတဲ့ နိုင်ငံသားနဲ့ လူပုဂိုလ်တွေစာရင်းကနေဖယ်ရှားလိုက်တာလို့ ဖော်ပြပါတယ်။

ဒါပေမယ့် ဦးဝင်းအောင်ကို ပစ်မှတ်ထားပိတ်ဆို့ထားတဲ့ စာရင်းမှာ ဘာကြောင့် ထည့်သွင်းခဲ့တယ် ဘာကြောင့် ဖယ်ရှားလိုက်တယ်ဆိုတာကိုတော့ အသေးစိတ်ရေး မထားပါဘူး။

ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ မြန်မာပြည်တွင်းလူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်မှု စတာတွေ အပေါ် ပိတ်ဆို့ဒဏ်ခတ်ခံရသူနဲ့ သူ့လုပ်ငန်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ အပေါ်မူတည်ပြီး စားရင်းကနေ ဖယ်ရှားလိုက်တာလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပုံစံကတော့ ဆက်ရှိနေ မယ့်အကြောင်းနဲ့ ပိတ်ဆို့ဒဏ်ခတ်မူဝါဒ ထပ်ပြောင်းမပြောင်းကတော့ အစိုးရရဲ့ ဒီမိုကရေစီရေးစီးပွားရေး ပြပြင်ပြောင်းလဲမှုတွေဆက်လုပ် မလုပ်နဲ့ တိုင်းရင်းသားအုပ်စုတွေနဲ့ မကျေလည်မှုတွေကို ပြေလည်အောင်ဖြေရှင်းမှုအပေါ်မူတယ်ဆိုတာ မြန်မာအစိုးရ ရှင်းရှင်းလင်းလင်း သိစေချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာရီဟာ့ဖ်က ကြေညာချက်မှာ ပြောပါတယ်။

The post မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်း appeared first on DVB.

ဝတ္တုယောင်တွေကို ထိတွေ့ကိုင်တွယ်နိုင်တော့မည့် နည်းပညာဖန်တီး

$
0
0

ဝတ္ထုယောင်တွေကို ထိတွေ့ကိုင်တွယ်လို့ ရတယ်ဆိုရင် ဘယ့်နှယ့်လဲ။ ယူကေအခြေစိုက် အာထရာ ဟက်ပတစ် ကုမ္ပဏီကတော့ သူတို့ရဲ့နည်းပညာဟာ သုံးစွဲသူတွေအဖို့ လေထဲမှာ မျောလွင့်နေတဲ့ ၀တ္ထုယောင်တွေရဲ့အထိအတွေ့ကို ခံစားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးဒီဇိုင်းထုတ်ထားတဲ့ ကားချပ်ကနေ ထွက်လာတဲ့ ရှုပ်ထွေးတဲ့ နှုန်းလွန် အသံလှိုင်တွေကို စုဆုံခြင်းအားဖြင့် လေထုရဲ့အနှောက်အယှက်တွေကို ထိတွေ့နိုင်ပြီး ရွေ့မျောနေတဲ့ 3D ပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။
တွဲဖက်တီထွင်သူ ပါမောက္ခ ဆီရမ်ဆဗ်ရာမန်နီယန်ကတော့ စတိတ်ရှိုးတခုမှာ အသံလှိုင်းတွေ ကိုယ့်ရင်ဘက်ကို ထိမှန် တိုးဆောင့်နေသလို ခံစားရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကို အားပြင်း အသံလှိုင်းထိခတ်မှုလို့ ခေါ်ပါ တယ်။

“နိုက်ကလပ် ဒါမှမဟုတ် ရော့ခ်ဖျော်ဖြေပွဲတခုကို သွားတဲ့အခါ ကိုယ့်ရင်ဘက်ထဲမှာ ဂီတကို ခံစားရတယ်။ ဒီလိုပါပဲ။ ရင်ထဲမှာ အသံလှိုင်းက တုန်ခါနေတာကို ခံစားရမှာပါ။ ဘက်စ်သံကို မသုံးဘဲနဲ့ ကျနော်တို့က ကြိမ်နှုန်းနိမ့်တဲ့ နှုန်းလွန်အသံလှိုင်းကိုပဲ သုံးထားတာပါ။ ၄၀ ကီလိုဟာ့တ်ဇ်ပဲ ရှိတာပါ။ ဒီအသံနဲ့ ကျနော်တို့က လက်ထိပ် ဒါမှမဟုတ် လက်ဖ၀ါးကို အတိအကျ ချိန်ပြီး အသံကို ပစ်လွှတ်တဲ့အတွက် လက်ဖ၀ါးမှာ တုန်ခါမှု ခံစားရပြီး ထိတွေ့မှုနဲ့ တထပ်တည်း ခံစားရတာပါ။”

တို့ထိမှုကင်းနည်းပညာက လူတွေရဲ့ကိရိယာတွေနဲ့ တုန့်ပြန်ချိတ်ဆက်ပုံကို ပြောင်းလဲ နေတုန်းမှာ ဒီအဖွဲ့က အထိအတွေ့နဲ့ တုန့်ပြန်နိုင်မယ့်စနစ်တခု လိုအပ်တယ်လို့ တွေးခဲ့ကြပါတယ်။ ထိတွေ့လို မရတဲ့ ခလုတ်တခုကို နှိပ်လိုက်တယ် ဆိုပါစို့။ နှိပ်လိုက်မိ တယ်ဆိုတာ သေချာအောင် ဘယ်လိုလုပ်မလဲ။ အာထရာ ဟက်ပတစ် ကုမ္ပဏီကတော့ သူတို့မှာ အဖြေရှိတယ်လို့ ဆိုပါတယ်။

“ကိရိယာတွေကို ထိတွေ့မှုကင်းစနစ်နည်းနဲ့ ထုတ်ရာမှာ ရည်ရွယ်ချက်တခု ရှိတယ်။ သူ့ရဲ့ ကောင်းကွက်က တုံ့ပြန်ချိတ်ဆက်မှုက ကိုယ့်အပေါ်မှာပဲ မူတည်တယ်။ မီးခလုတ်ဆီသွားပြီး ဖွင့်နေမယ့်အစား လက်ကို ဝှေ့လိုက်ရုံနဲ့ မီးပွင့်လာတာမျိုးပေါ့။ ဒီနည်းပညာက နေရာတိုင်းမှာ တွေ့နေရပြီ။ ဒီတော့ ထိတွေ့အာရုံနဲ့ တုံ့ပြန်တဲ့နည်းပညာကလည်း နေရာတကာမှာ တွင်ကျယ် လာတော့မှာပါ။”

အစစ်အတိုင်း တုပထားတဲ့ ၀တ္ထုယောင်နည်းပညာဟာ ကွန်ပျူတာချိတ်ဆက်တုံ့ပြန်မှုရဲ့ မျက်နှာစာ ဖြစ်လာတော့မှာပါ။ ဒါပေမယ့် ထိတွေ့မှုအာရုံကတော့ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေ အဆင့်ရောက်ဖို့ အလှမ်းဝေးနေဦးမှာပါ။
ဒီနည်းပညာဟာ ရှေ့ပြေးအဆင့်ပဲ ရှိသေးပေမယ့် အာထရာ ဟက်ပတစ် ကုမ္ပဏီကတော့ သူတို့ရဲ့ နည်းပညာဟာ ထိတွေ့နိုင်တဲ့ သုံးဘက်မြင်ပုံရိပ်အဆင့်ကို ဦးတည်သွားမယ်လို့ မျှော်လင့် ထားပါတယ်။
28.3D virtual objects that can be touched and felt 29.3D virtual objects that can be touched and felt 30.3D virtual objects that can be touched and felt 31.3D virtual objects that can be touched and felt 32.3D virtual objects that can be touched and felt 33.3D virtual objects that can be touched and felt 34.3D virtual objects that can be touched and felt

The post ၀တ္တုယောင်တွေကို ထိတွေ့ကိုင်တွယ်နိုင်တော့မည့် နည်းပညာဖန်တီး appeared first on DVB.

ကလေးကုန်ကူးဂိုဏ်း ၆ ဂိုဏ်းကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး

$
0
0

တရုတ်ရဲတပ်ဖွဲ့က လူမမယ်အရွယ် ကလေးကုန်ကူးဂိုဏ်းတွေကို ခြေရာခံနို်င်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း လူ ၁၇၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

စုံစမ်းမှုတွေကို မနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးလိုက်တဲ့ လူတွေဟာ  စီချွမ်း၊ ဟီဘိုင်း၊ ဟီနမ်၊ ရှန်ဒေါင်း၊ ရှန်ဇီး၊ ရှန်စီ တို့က ရာဇ၀တ်ဂိုဏ်း ၆ ဂိုဏ်းနဲ့ ပတ်သက်တဲ့လူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

2child trafficking gangလူကုန်ကူးသူတွေဟာ ဆိုခဲ့တဲ့ ပြည်နယ်တွေမှာ လူမမယ်အရွယ်တွေကို ခိုးယူတဲ့နည်း၊ ဖမ်းဆီးတဲ့နည်း၊ မွေးကင်းစကလေးတွေကို ရောင်းစားချင်တဲ့ မိခင်တွေကို စုဆောင်းပြီးတော့ စီးပွားရှာနေတာပါ။

အခု ဖမ်းဆီးလိုက်တဲ့ သူတွေကို လူကုန်ကူးမှု၊ ဒါမှမဟုတ် ကလေးတွေကို ၀ယ်ယူတဲ့ အမှုနဲ့ ပတ်သက်နေပြီး အမှုကို ဆက်လက်စုံစမ်းနေပါတယ်။

တရုတ်ပြည်မှာ ကလေးကုန်ကူးတာဟာ ရာဇ၀တ်မှု ပုံစံသစ် ဖြစ်နေပြီး ဒါတွေကို ဖော်ထုတ်သွားမယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ကလေးဝယ်တဲ့လူတွေနဲ့ ကလေးရောင်းတဲ့ မိဘတွေကို ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ချမှတ်မယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

The post ကလေးကုန်ကူးဂိုဏ်း ၆ ဂိုဏ်းကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး appeared first on DVB.

Xiaomi တရုတ်စမတ်မုန်းကုမ္ပဏီ အိန္ဒိယဈေးကွက်ကို စတင်ထိုးဖောက်

$
0
0

တရုတ်နိုင်ငံမှာ အောင်မြင်မှုရရှိနေတဲ့ တရုတ်စမတ်ဖုန်းကုမ္ဗဏီကြီး ရှောင်းမီဟာ သူရဲ့ ပထမဆုံးပြည်ပဈေးကွက်ဖြစ်တဲ့ အိန္ဒိယဈေးကွက်ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က စတင်ထိုးဖောက်လိုက်ပါတယ်။

နောက်ဆုံးထုတ်လုပ်လိုက်တဲ့ ဘက်ထရီသက်တမ်းခံ မီ ဖိုး အိုင်(Mi 4i)ဖုန်းနဲ့ အိန္ဒိယဈေးကွက်ကို ဆွဲဆောင်လိုက်ပြီး ၁၆ ဂျီဘီ အိုင်ဖုန်း ၆ ထက်  ဈေး ၄ ချိုး ၃ ချိုး သက်သာတဲ့နှုန်းနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

ရှောင်းမီ စမတ်ဖုန်းတွေဟာ တရုတ်နိုင်ငံမှာတော့ ပစ္စည်းအဆင့်အတန်းမြင့်သလောက်  ဈေးနှုန်းသက်သာတဲ့အတွက် အထူးလူကြိုက်များပြီး အင်တာနက်က၀ယ်ယူရင် ပိုဈေးသက်သာပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း အဲဒီဆွဲဆောင်မှုတွေနဲ့ ဈေးကွက်ကို ရယူမယ်လို့ မျှော်လင့်ရပါတယ်။

ရှောင်းမီကုမ္ဗဏီ ဒုတိယဥက္ကဋ္ဌ ဟူဂိုး ဘာရာက အိန္ဒိယနိုင်ငံဟာ ကုမ္ဗဏီရဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးဈေးကွက် ဖြစ်တဲ့အတွက် ဦးစားပေး ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

အခု ပြသလိုက်တဲ့ Mi 4i   လို အိန္ဒိယဈေးကွက်နဲ့ အကိုက်ဆုံးဖြစ်အောင် ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေကို အဓိကထား ထုတ်လုပ်ရောင်းချသွားမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဧပြီ ၂၃ ရက်နေ့က နယူးဒေလီမြို့တော်မှာ ကျင်းပခဲ့တဲ့ ရှောင်းမီဖုန်း မိတ်ဆက်ပွဲဟာ တရုတ်နိုင်ငံပြင်ပမှာ ကုမ္ဗဏီရဲ့ ပထမဆုံးမိတ်ဆက်ပွဲလည်း ဖြစ်ပြီး တက်ရောက်သူ ၁၅၀၀ ကျော် ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဖုန်းဝယ်ယူသူတွေဟာ တရုတ်နိုင်ငံမှာလို ဈေးနှုန်းကို ဦးစားပေး ရွေးချယ်တယ်လို့ ဆိုပါတယ်။

တရုတ်ဈေးကွက်လိုပဲ အိန္ဒိယဈေးကွက်မှာ အများအပြားဟာ စမတ်ဖုန်းကို ပထမဆုံး ၀ယ်ယူမယ့်သူတွေ ဖြစ်ကြပါတယ်။

လက်ရှိမှာတော့ အိန္ဒိယဖုန်းဈေးကွက်ဝေစု ၂၂ ရာခိုင်နှုန်းကို ကိုရီးယား ဆမ်ဆောင်းက ပိုင်ဆိုင်ထားပြီး အိန္ဒိယပြည်တွင်းကုမ္ဗဏီ မိုက်ခရိုမက်စ်(Micromax)ကတော့ ဈေးကွက်ဝေစု ၁၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ လပတ်ကတော့ ရှောင်းမီစမတ်ဖုန်းဝေစုဟာ ၄ ရာခိုင်နှုန်းကိုပဲ ပိုင်ဆိုင်ထားပြီး အိန္ဒိယ အွန်လိုင်းအရောင်းဆိုင်ကြီးဖြစ်တဲ့ ဖလစ်ကဒ် Flipkart တခုထဲကနေပဲ ဖုန်းတွေကို ရောင်းချခဲ့တာပါ။

အခုလထဲမှာပဲ နောက်ထပ် အွန်လိုင်းအရောင်းဆိုင်ကြီးတွေဖြစ်တဲ့ စနက်ပ် ဒေလ်း ဒေါ့ကွန်(Snapdeal.com)နဲ့ အိန္ဒိယ Amazon.com တို့ကနေပါ တိုးချဲ့ရောင်းချတော့မှာ ဖြစ်ပါတယ်။

The post Xiaomi တရုတ်စမတ်မုန်းကုမ္ပဏီ အိန္ဒိယဈေးကွက်ကို စတင်ထိုးဖောက် appeared first on DVB.

ဗကသကျောင်းသူ မပိုပိုကို ရုံးထုတ်ပြီး အမှုမစစ်ဘဲ ရုံးပြန်ချိန်း

$
0
0

လှည်းတန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။

ဒါပေမယ့် အမှုစစ်ဆေးခြင်းမရှိဘဲ သူ့နဲ့အမှုတွဲတွေမပါလို့ဆိုပြီး မေလ ၅ ရက်နေ့ကို ရုံးပြန်ချိန်း ဆိုလိုက်တယ်လို့ မပိုပိုရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒီနေ့ ရုံးထုတ်ပါတယ်။ ဒါပေမယ့် စွပ်စွဲခံရသူတွေမစုံလင်တဲ့အတွက် မေလ ၅ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ ကိုကျော်ကိုကို၊ ထက်ခိုင်စိုးရယ်၊ ဂျိမ်းရယ် ၃ ယောက်ကျန်နေတယ်။ နန္ဒစစ်အောင်ကတော့ သာယာဝတီထောင်မှာ မြန်းနေရတဲ့အတွက် မလာနိုင်ဘူး။ အဲတော့ ဒီမှုတွေကတော့ မဆုံးနိုင်တဲ့ သံသယလမ်းခရီးစဉ်ကို လျှောက်လှမ်းရမယ့် အမှုတွေပဲ။”

ဒီကနေ့ မပိုပိုနဲ့ ကိုဝင်းကျော့မှူး တို့ ၂ ယောက်ကို ရုံးထုတ်ခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ထိမ်းသိမ်းထားပါတယ်။

သူတို့တွေဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသား ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု) နဲ့ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

The post ဗကသကျောင်းသူ မပိုပိုကို ရုံးထုတ်ပြီး အမှုမစစ်ဘဲ ရုံးပြန်ချိန်း appeared first on DVB.

အမြဲတမ်းအတွင်းဝန်များကို ထပ်ဆောင်းချီးမြှင့်ငွေ ကျပ် ၂ သိန်းပေးမည်

$
0
0

အစိုးရ၀န်ကြီးဌာနတွေမှာ မကြာသေးခင်ကမှ အမြဲတမ်းအတွင်းဝန်တွေအဖြစ် အသစ်ခန့် အပ်လိုက်သူတွေကို လစာအပြင် ကျပ် ၂ သိန်း ချီးမြှင့်ငွေအဖြစ် ခံစားခွင့် ပြုလိုက်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်စာအရ သိရပါတယ်။

ဧပြီလ၁၀ ရက်နေ့ စွဲနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သန်းသင်း လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးခံရသူတွေဟာ ညွန်ကြားရေးမှူးချုပ်အဆင့်နဲ့တူညီတဲ့ အဆင့်တာဝန် ထမ်းဆောင်ရတဲ့အပြင် ၀န်ကြီးဌာနရုံး တာဝန်တွေကို တာဝန်ခံဆောင်ရွက်ရတဲ့အတွက် နိုင်ငံဝန်ထမ်းနည်းဥပဒေနဲ့အညီ လစဉ် ကျပ် ၂ သိန်းတိတိကို လက်ရှိခံစားနေတဲ့ လစာစရိတ်အပြင် ချီးမြှင့်ငွေအဖြစ် ခံစားခွင့်ပြုတယ်လို့ ဖော်ပြပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ၀န်ကြီးဌာန ၃၀ ကျော်ရှိတဲ့အထဲမှာ ဌာန ၁၁ ခုမှာ အမြဲတမ်း အတွင်းဝန်တွေအဖြစ် ပထမအသုတ် ခန့်အပ်လိုက်တာပါ။

အမြဲတမ်းအတွင်းဝန်ဖြစ်လာသူတွေကတော့ ပြန်ကြားရေးဌာနက ဦးတင့်ဆွေ၊ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဌာနက ဦးခင်မောင်သက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာနက ဦးခင်မောင်ရီ၊ စက်မှုဌာနက ဦးသွင်မြင့်မောင်၊ စီးပွားကူးသန်းဌာနက ဦးတိုးအောင်မြင့်၊ ကျန်းမာရေးဌာနက ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာ သက်ခိုင်ဝင်း၊ သတ္တုတွင်းဌာနက ဦးဌေးအောင်၊ ဆောက်လုပ်ရေးဌာနက ဦးကျော်လင်း၊ အလုပ်သမားဌာန ဦးမျိုးအောင်၊ ရထားပို့ဆောင်ရေးဌာနက ဦးဇော်မင်းဦးနဲ့ သိပ္ပံနှင့် နည်းပညာဌာနက ဦးကျော်စွာစိုးတို့ဖြစ်ပါတယ်။

The post အမြဲတမ်းအတွင်းဝန်များကို ထပ်ဆောင်းချီးမြှင့်ငွေ ကျပ် ၂ သိန်းပေးမည် appeared first on DVB.

တတိယအကြိမ် ယူအန်အေနှင့် မိတ်ဘက်ပါတီများ ဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်

$
0
0

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဖက်ပါတီများရဲ့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ယူအန်အေ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က ပြောပါတယ်။

မနက်ဖန်ကျရင် ယူအန်အေအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးခေါ်ယူထားပြီး ဆွေးနွေးပွဲအတွက် အစီအစဉ်တွေ ညှိနှိုင်းကြမယ်လို့ သူက ပြောပါတယ်။

သူက “အဓိကကတော့ ယူအန်အေနဲ့ မိတ်ဖက်ပါတီများ တတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်တာဖြစ်ပါတယ်။ ဘာတွေဆွေးနွေးဖို့ လိုအပ်သလဲ၊ ဘယ်အချက်တွေ ဆွေးနွေးမလဲ၊ ဘယ်အဖွဲ့တွေ ဖိတ်ကြားမလဲ စသဖြင့်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးဆွေးနွေးဖို့၊ တပြည်လုံးအပစ်ခတ်ရပ်ရေးစာချုပ်၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စတွေ ပါမယ်လို့ ထင်ပါတယ်။ အရင်ညီလာခံမှာ မပါဝင်သေးတဲ့ အဖွဲ့တွေလည်း ဖိတ်ကြားဖို့ကိစ္စတွေ ပါပါလိမ့်မယ်၊ ယူအန်အေအဖွဲ့ဝင်တွေချည်းပါ။ မနက်ဖြန် မွန်းလွဲတစ်နာရီ ရန်ကုန်မှာရှိတဲ့ ယူအန်အေ ရုံးမှာဘဲ လုပ်မှာပါ။”

(ယူအန်အေ) နဲ့ မိတ်ဖက်ပါတီများရဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲတွေကို မနှစ် ဒီဇင်ဘာလနဲ့ ဒီနှစ် ဖေဖော်ဝါရီတွေမှာ ကျင်းပခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ပထမဆုံးအကြိမ် ဆွေးနွေးပွဲမှာ ယူအန်အေနဲ့ မိတ်ဖက်ပါ တီတွေဟာ တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ အနာဂတ် ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်နိုင်ရေး၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက် ပြည်ထောင်စုညီလာခံကို အထောက်အကူပြုမယ့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက်ဆွေးနွေးသွားဖို့ ပြီးခဲ့တဲ့ သဘောထားတူညီချက် ရယူခဲ့ပါတယ်။

၂၀၁၅ ဖေဖော်ဝါရီလလယ်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ဆွေးနွေး ပွဲမှာတော့ နိုင်ငံရေးပြသနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့၊ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးဖြစ်ပေါ်ရေး ၀ိုင်းဝန်းကြိုးပမ်းဖို့၊ ကိုးကန့်ဒေသအပါအ၀င် စစ်ရေးပဋိပက္ခအားလုံးကို တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာဖို့ စတဲ့အချက်တွေကို တက်ရောက်လာတဲ့ အဖွဲ့ပေါင်း ၃၃ ဖွဲ့က ပူးပေါင်းထုတ်ပြန်ထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အခြေပြုထားတဲ့ စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ)မှာ လက်ရှိ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနဲ့ ကရင် အမျိုးသားပါတီအစရှိတဲ့ ပါတီတွေ အဓိက ပါဝင်ပါတယ်။

The post တတိယအကြိမ် ယူအန်အေနှင့် မိတ်ဘက်ပါတီများ ဆွေးနွေးပွဲကျင်းပရန် ပြင်ဆင် appeared first on DVB.


ကိုးကန့်ဒေသ တိုက်ပွဲပြင်းထန်

$
0
0

တပ်မတော်က မနေ့မနက်အရုဏ်မတက်ခင်ကစလို့ နန်ထင်မန်ရှန်းရှိ ကိုးကပ် တပ်မတော်စခန်းကို ထိုးစစ်မှာ လက်နက်ကြီးတွေနဲ့သာမက ဓာတုဗုံးတွေ သုံးစွဲတိုက်ခိုက်တယ်လို့ ကိုးကန့်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရှောက်လူချန်း၊ ရှီကော်လင်၊ ရှီတုန်ရွှေနဲ့ ချီရှုရာခုတ်စတဲ့ ဒေသ လေးခုကနေ လူအင်အားအမြောက်အမြားသုံးစွဲပြီး ည ၉ နာရီခန့်အထိ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပေမယ့် မအောင်မြင်ပဲ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်မတော် ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက “မနက်ကနေမိုးလင်းတဲ့အထိ လက်နက်ကြီးနဲ့ ပစ်တယ်။ မိုးလင်းတော့ မြေပြင်ကြည်းတပ်က ထိုးစစ်ဆင်ပါတယ်။ ထိုးတက်တက်။ တက်လို့မရတော့ ပြန်ဆုတ်ပြီး လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အခေါက်ခေါက်အခါခါပဲ။ မနေ့က သူတို့ ဗုံးသီး ၁၅၀၀ လောက်ပစ်တဲ့အထဲမှာ ၅ လုံး (ဓာတုဗုံး) လောက်ပါတယ်။ သူက ထွက်လာတဲ့မီးခိုးအရောင်က သာမန်ဗုံးနဲ့မတူဘူးဗျ။ ပြီးတော့ အရမ်းစူးရှ မွှေးတဲ့အနံ့လည်းရတယ်။ ရှုမိတဲ့ရဲဘော်တွေဆို အော့အန်ကြတယ်” လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲဟာ လောက်ကိုင်အရှေ့မြောက်ဘက်မှာဖြစ်ပြီး ပြင်းထန်သလို ကျဆုံးဒဏ်ရာရသူများပြားတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ဘက်က ၂ ယောက်ကျတယ်။ ၁၂ ယောက် ဒဏ်ရာရတယ်။ တစ်ဖက်က (တပ်မတော်က)တော့ တော်တော်လေး အသေအပျောက်များပါတယ်။ သေတာကတော့ ၉၀ အထက်မှာရှိပါတယ်။ တချို့ပြောတော့ ၁၄၀ လောက်ဖြစ်မယ်တဲ့ မနေ့က ဗမာ့တပ်မတော်ဘက်က ကျတာ။ ဒဏ်ရာရတာကတော့ ၂၀၀ ပတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ တပ်မ ၃၃ ပါ။ ကျနော်သိသလောက်တော့ သုံးရင်းပေါ့။ တပ်ရင်း ၁၁၁ ပါမယ်။ ၁၁၉၊ ၁၂၀ ပေါ့။ အားလုံးပေါင်း ၆ ရင်း ၇ ရင်းလောက်နဲ့ ထိုးတယ်ထင်တယ်” လို့ ပြောပါတယ်။

ဒီဗွီဘီအနေနဲ့ ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မပေးနိုင်သလို ဒီသတင်းနဲ့ပတ်သက်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနနဲ့ တပ်မတော် မြ၀တီသတင်းဌာန တွေကလည်း တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ဦးထွန်းမြတ်လင်းက လက်ရှိမှာ အစိုးရဘက်က တပ်အင်အား တိုးမြှင့်တင်ပို့လာနေ တာကြောင့် တိုက်ပွဲတွေက ဆက်လက်ပြင်းထန်ဦးမယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတင်တဲ့ ကိုးကန့်တပ်မတော်နဲ့ အစိုးရအကြားတိုက်ပွဲမှာ တပ်မတော်က လူအင်အား၊ လက်နက်အင်အား အမြောက်အမြားနဲ့ မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

The post ကိုးကန့်ဒေသ တိုက်ပွဲပြင်းထန် appeared first on DVB.

အမှုလိုက်စရိတ် အခက်အခဲကြောင့် မိန်းကလေးငယ် ပျောက်ဆုံးမှု ကြန့်ကြာ

$
0
0

ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦး ပြီးခဲ့တဲ့ မတ်လမှာ ပျောက်ဆုံးခဲ့မှုကို တိုင်ကြားပေမယ့် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို အားမရဘူးလို့ ကာယကံရှင်မိဘက ဒီဗွီဘီကို ပြောပါတယ်။

အသက် ၁၄ နှစ်ကျော်အရွယ် သမီး မဟန်ဇာအောင်ဟာ မတ် ၁၇ ရက်နေ့က လူငယ်ချင်းမေတ္တာမျှတဲ့သူနဲ့ လိုက်သွားတယ်လို့သာ မိဘတွေက သိရပြီး မဆက်သွယ်တဲ့ အတွက် ဘိုကလေး ရဲစခန်းမှာ မတ် ၁၉ ရက်နေ့က တိုင်ကြား ခဲ့ပါတယ်။

ပျောက်ဆုံးတာ တလကြာတဲ့အထိ သမီးအမှုကို ရဲဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိဘူးလို့ ဖခင် ဦးတင်စိုးက ပြောပါတယ်။

“ကျနော်သမီးကို ပိုင်စိုးသူရဆိုတဲ့ ကောင်လေးက ခေါ်သွားပြီး အခုချိန်ထိ ဘာအကြောင်းမှလည်း မကြားဘူး။ ကလေးက သေသလား ရှင်သလားလည်း မသိဘူး။ သူတို့က သမီးရည်းစား ပုံစံမျိုးတော့ဖြစ်တယ် ဒါပေမယ့် အခုချိန်ထိ ဘာသတင်းမှလည်း မကြားဘူး။ စခန်းကလည်း ဘာတခုမှ လုပ်ဆောင်မပေးဘူး။” လို့ ပြောပါတယ်။

ဒီအမှုကို လက်ခံထားတဲ့ ဘိုကလေးမြို့နယ်ရဲစခန်းက ဒုရဲအုပ် သက်လှိုင်ဦးကတော့ တတ်နိုင်သလောက် လိုက်လံရှာဖွေပေးထားကြောင်းနဲ့ အမှုကို လက်တွေ့လိုက်ပါရတဲ့ စရိတ်စက သုံးစွဲဖို့ အခက်အခဲ ရှိကြောင်း ပြောပါတယ်။

“အခုချိန်ထိတော့ တရားခံနဲ့ ပါသွားတဲ့ ကောင်မလေးနဲ့ကို သတင်းမရှိ သေးဘူးပေါ့နော်။ လောလောဆယ်တော့ သူတို့ ရောက်ရှိနိုင်တဲ့ အပိုင်ရဲစခန်းတွေကို အကြောင်းကြား ပေးထားတယ်။ သူတို့ ဆွေမျိုးသားချင်းရှိနေတဲ့နေရာတွေကိုလည်း လိုက်လံ စုံစမ်းထားတယ်။ ဒါပေမယ့် ကျနော်တို့ ရဲတပ်ဖွဲ့မှာလည်း လိုအပ်ချက်တွေရှိ တယ်ဗျာ။ အဲဒီနယ် မြေတခုကိုသွားရမယ်ဆိုရင် ကျနော်တို့မှာ ရဲစခန်းပိုင် ပဲ့ထောင်တို့မရှိဘူး။ သူက ကုန်းပိုင်းလည်း မဟုတ်ဘူးဗျာ။ ပင်လယ်ဘက်တွေကိုသွားရတဲ့အနေအထားပေါ့ဗျာ။ တခေါက်တခေါက်သွားရတာ ကျနော်တို့မှာ တော်တော်ကို ဒုက္ခတွေ့ပါတယ်။”

ဒီလိုအမှုအတွက် ရဲတပ်ဖွဲ့က အမှုစရိတ်က ၃ သောင်းပေးပေမယ့် တရားခံကိုဖမ်းဆီးမိလို့ တရားစွဲဆိုတဲ့ အချိန်ကျမှ ငွေရရှိကြောင်းနဲ့ ပင်လယ်ထဲတခေါက်သွားရင်လည်း လမ်းစရိတ် ၃ သောင်းရှိနေတဲ့ အတွက်လည်း အမှုလိုက်ပါဆောင်ရွက်ရာမှာ ငွေကြေး အခက်အခဲ ရှိကြောင်း ရဲအရာရှိက ရှင်းပြပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင် ဦးဘန်ဂူးကတော့ ဒီလို အလားတူ ဖြစ်စဉ်မျိုး ဘိုကလေးမြို့နယ် ပဒဲကောကျေးရွာမှာလည်းဖြစ်ခဲ့ဖူးပြီး ရဲကို တိုင်ကြားရာမှာလည်း အခုချိန် အမှုမှန် ပေါ်ပေါက်တာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်ဆီကို ရောက်နေတဲ့ကိစ္စတွေက ကိုတင်စိုး သမီးကိစ္စတခုထဲမဟုတ်ဘဲ။ ဘိုကလေးမြို့နယ် ပဒဲကောကျေးရွာမှာလည်း ၁၂ ကျော်ကလေးမလေး တယောက်ကို ၂၀၁၄ နိုဝင်ဘာလမှာ မိဘတွေ လယ်သွားလုပ်နေရင်းနဲ့ ပျောက်ဆုံးသွားတယ်။ အဲဒီမှာ ငမျိုးဆိုတဲ့ လူက အတင်းအဓမ္မခိုးယူ သွားတယ်လို့ ကျနော်တို့က အခိုင်အမာရတယ်ပေါ့။ ဒါနဲ့ပတ်သက်လို့ ကာယကံရှင်မိဘတွေက ဘိုကလေးရဲစခန်းကို အမှုဖွင့်ထားတယ်။ ဒါပေမယ့် အခု ၆ လနီးပါးကြာတဲ့အထိ ဘယ်ရောက်နေလဲ ဘာလုပ်လဲဘာမှ မသိရသေးဘူး။ ရဲတပ်ဖွဲ့က အင်အားနည်းနေလားတော့ မသိဘူးပေါ့နော်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာ ဆောင်ရွက်မှု အားနည်းနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးတွေ ကလေးသူငယ်တွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ သူက တိုက်တွန်းပါတယ်။

The post အမှုလိုက်စရိတ် အခက်အခဲကြောင့် မိန်းကလေးငယ် ပျောက်ဆုံးမှု ကြန့်ကြာ appeared first on DVB.

ဂစ်က မန်ယူ နည်းပြဖြစ်နိုင်ဟု ဗန်ဂေါ ယုံကြည်

$
0
0

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ လူးဝစ် ဗန်ဂေါက သူအသင်းက ထွက်ခွာသွားချိန်မှာ ရိုင်ယန်ဂစ်ကို နည်းပြနေရာကို ခန့်အပ်မယ်လို့ ယုံကြည်နေပါတယ်။

“ကျနော်ထွက်သွားရင် ဂစ်က နည်းပြဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်၊ ကျနော်အတွက် အလုပ်တွေ အားလုံးကို သူက ကောင်းကောင်းလုပ်ပေးနေပါတယ်”လို့ ဗန်ဂေါက မန်ယူ တီဗွီကို ပြောပါတယ်။

၂၀၁၇ ခုနှစ် အထိ ဗန်ဂေါနဲ့ မန်ယူတို့ စာချုပ်သက်တမ်းရှိနေပါတယ်။

အရင်နှစ်ဘောလုံးရာသီက နည်းပြ ဒေးဗစ်မိုရက်စ်ကို အသင်းကနေ ထုတ်လိုက်အပြီးမှာ အသက် ၄၁ နှစ် ဂစ်က ၄ ပွဲကို နည်းပြပေးခဲ့ရပါတယ်။

ဂစ်နည်းပြတဲ့ ၄ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲရှုံးသွားပါတယ်။

မန်ယူကို နည်းပြရတာ ဂုဏ်အယူဆုံးအချိန်ဖြစ်တယ်လို့ ဂစ်က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

The post ဂစ်က မန်ယူ နည်းပြဖြစ်နိုင်ဟု ဗန်ဂေါ ယုံကြည် appeared first on DVB.

အင်္ဂလန် အချမ်းသာဆုံး အားကစားသမား စာရင်း နံပါတ် ၂ နေရာ ရွန်းနီရောက်

$
0
0

၂၀၁၅ ခုနှစ် အင်္ဂလန်ရဲ့ အချမ်းသာဆုံး အာကစားသမား စာရင်းမှာတော့ ဖော်မြူလာဝမ်း ကားမောင်းသမား လူးဝစ် ဟယ်လ်မီတန် ပထမနေရာမှာ ရပ်တည်နေပြီး ၀ိန်းရွန်နီက ဒုတိယနေရာကို ရောက်ရှိလာပါတယ်။

ဖော်မြူလာဝမ်းမောင်းသမား ဂျန်ဆန် ဘူတန်ကို ကျော်ဖြတ်ပြီး ရွန်နီက ဒုတိယနေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဆန်းဒေးတိုင်းမ်ရဲ့ အချမ်းသာဆုံး အားကစားသမား စာရင်းမှာ ဟယ်လ်မီတန်က ချမ်းသာ ကြွယ်ဝမှု ပေါင် ၈၈ သန်းနဲ့ ပထမ၊ ၀ိန်းရွန်နီက ပေါင် ၇၂ သန်းနဲ့ ဒုတိယ၊ ဘူတန်က ၇၁ သန်းနဲ့ တတိယ အသီးသီး ရပ်တည်နေတာဖြစ်ပါတယ်။

စတုတ္တနေရာမှာတော့ တင်းနစ်သမား အန်ဒီမာရေးက ပေါင် ၄၈ သန်းနဲ့ ရပ်တည်နေပါတယ်။ ဒီနောက်မှာတော့ ကျူပီအာ နောက်တန်းကစားသမား ဖာဒီနန်၊ စတီဗင်ဂျရတ်တို့က အသီးသီးရပ်တည်နေပါတယ်။

နည်းပြထဲမှာတော့ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ပေါင် သန်း ၄၀နဲ့ ဗြိတိန် အချမ်းသာဆုံး နည်းပြတဦး ဖြစ်ပြီး သူနောက်မှာတော့ ပေါင် ၃၈ သန်းနဲ့ အာဆင်ဝင်းဂါးက ရပ်တည်နေပါတယ်။

The post အင်္ဂလန် အချမ်းသာဆုံး အားကစားသမား စာရင်း နံပါတ် ၂ နေရာ ရွန်းနီရောက် appeared first on DVB.

လုပ်ငန်းခွင် တိုးတက်ကောင်းမွန်ရေး တောင်ကိုးရီးယား အလုပ်သမားများ ဆန္ဒပြ

$
0
0

လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်ရေး အတွက် ထောင်နဲ့ ချီတဲ့ ကိုးရီးယား အလုပ်သမားတွေ မြို့တော် ဆိုလ်းမှာ ဧပြီ ၂၄ ရက်က ဆန္ဒပြခဲ့ပါတယ်။

အလုပ်သမား ၇ထောင်လောက်ပါဝင်တဲ့ ဆန္ဒပြပွဲကို မေ ၁ရက် အလုပ်သမားနေ့ အထိ ကျင်းပသွားမယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တဲ့ တောင်ကိုရီးယားအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (KCTU)က ပြောပါတယ်။

အလုပ်သမားအငြိမ်းစားလစာတွေကို ဖြတ်တောက်မှု၊ အလုပ်သမားတွေကို အလုပ်ဖြုတ်နိုင်အောင် ဥပဒေပြင်ဆင်ရေး ဆွဲမှုတွေ အတွက် အစိုးရကို ဆန့်ကျင်ကန့်ကွက်တာလို့ အလုပ်သမားအဖွဲ့ချုပ်ပြောခွင့်ရ ပတ်ခ်ဆွန်ရှိုက်က ပြောပါတယ်။

ဒါအပြင် အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်တိုးတက်ကောင်းမွန်ရေး၊ တနာရီချင်းလုပ်ခ တိုးမြှင့်ပေးရေး၊ နိုင်ငံတော် ပင်စင်စားစနစ်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရေးနဲ့ အခြား အလုပ်သမားအခြေခံအခွင့်အရေးတွေ ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေဟာ အခြေခံအလုပ်သမားအခွင့်အရေးတောင်းဆိုတာထက် အစိုးရမူဝါဒတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ ဆန္ဒပြပွဲလို့ တောင်ကိုရီးယားဒုတိယ၀န်ကြီးချုပ်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဒီဆန္ဒပြတွေဟာ တရားမ၀င်လို့ အရေးယူဆောင်ရွက်မယ်လို့ ဒသခံ Yonhap သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

The post လုပ်ငန်းခွင် တိုးတက်ကောင်းမွန်ရေး တောင်ကိုးရီးယား အလုပ်သမားများ ဆန္ဒပြ appeared first on DVB.

တရားမ၀င် မြန်မာအလုပ်သမား ၉၀ ကျော် ထိုင်းတွင် ဖမ်းဆီး

$
0
0

ဧပြီလ ၂၄ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပ ရပ်ကွက် အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်း ၉၃ ယောက်ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။

တာ့ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဦးဆောင်ပြီး စစ်တပ်၊ ရဲ၊ လ၀ကနဲ့အုပ်ချုပ်ရေးဌာန ဆိုင်ရာ အရာရှိတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မယ်ပရပ်ကွက်က ချာရီဝပ်ထနာ အထည်ချုပ် စက်ရုံတွင်းဝင်ရောက် စစ်ဆေးခဲ့တာပါ။

ဒီအထဲမှာ တွေ့ရှိတဲ့ ကလေးအလုပ်သမားတွေ အပါအ၀င် အလုပ်သမားတွေဟာ အထောက်အထားမရှိတဲ့ အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဝင်ရောက်စစ်ဆေးဖမ်းဆီးတာကတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်နဲ့အတူ လက်ရှိ အစိုးရရဲ့မူဝါဒ အတိုင်း ဆောင်ရွက်တာ ဖြစ်ပြီး လက်မှတ်မရှိတဲ့ အလုပ်သမားတွေ စေခိုင်းခဲ့ရင်၊ စက်ရုံ ဥပဒေချိုးဖောက် မှုတွေ တွေ့ရင်လဲ စက်ရုံပိတ်တဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ တာ့ခရိုင် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

၉၃ယောက် ဖမ်းဆီးမိ ရာမှာ ယောက်ျားလေး ၃၅ ယောက် မိန်းကလေး ၅၅ ယောက်ပါဝင်ပြီး အသက် ၁၅နှစ်အောက် ကလေး ၃ယောက်ကို ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကို လွှဲပြောင်းခဲ့ပါတယ်။

Myanmar Worker 1 Myanmar Worker 2 Myanmar Worker 3

The post တရားမ၀င် မြန်မာအလုပ်သမား ၉၀ ကျော် ထိုင်းတွင် ဖမ်းဆီး appeared first on DVB.

အမျိုးသားပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းများမပါဝင်ဟု ပါတီနာယက ဦးနေဇင်လတ် ငြင်းဆို –မေးမြန်းချက်

$
0
0

ရွေးကောက်ပွဲဝင်ဖို့အတွက် လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ရထားတာတဲ့ပါတီပေါင်း ၇၁ ပါတီရှိနေပြီး မှတ်ပုံတင်လျောက်ထားဆဲပါတီ ၁၇ ပါတီရှိနေပါတယ်။ ပါတီမှတ်ပုံတင်ခွင့် နောက်ဆုံးရက်က ဧပြီ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ထပ်ပါတီတွေ ထပ်မံလျောက်ထားမယ့် အလားအလာတွေလည်းရှိနေပါတယ်။ ဒီထဲက အငြိမ်းစား စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီလို့ သတင်းတွေထွက်ပေါ်နေပြီး လူတွေ စိတ်ဝင်စားနေတဲ့ အမျိုးသားပါတီက နာယက ဦးနေဇင်လတ်ကို ဒီဗွီဘီ ကသီးသန့်မေးမြန်းထားပါတယ်။

အသစ်ဖွဲစည်းလိုက်တဲ့ ပါတီနာမည်ဘယ်လိုပေးထားလဲ၊ ဥက္ကဋ္ဌအဖြစ်ကော ဘယ်သူက တာဝန်ယူထားပါလဲ။

“ပါတီနာမည်ကတော့ National Party ဗျ။ အမျိုးသားပါတီပေါ့နော်။ အဲ့တာလောက်တော့ ကျနော်ပြော လို့ရတယ်။ နောက်သူတို့ဘာသူတို့ ဥက္ကဋ္ဌ ကဘယ်သူ ဒု-ဥက္ကဋ္ဌက ဘယ်သူဆိုတာ သတ်မှတ်ထားတာတော့ ရှိတယ်။ ကျနော်ကတော့ အခုချိန်မှာ ပါတီဖွဲ့စည်းခွင့်မကျသေးတော့ကြိုပြောလို့ မကောင်းသေးဘူး။ သတင်း ထွက်သွားတာက ကျနော်က နာယက၊ နာယကကနေပြီးတော့ ဥက္ကဋ္ဌနဲ့များ မှားနေကြလားမသိဘူး၊ ကျနော်ထောင်တဲ့ပါတီပဲဖြစ်နေကြတယ်။ မှားတယ်ဗျ။”

ပါတီဝင်ဦးရေ ဘယ်လောက်ရှိမလဲ။

“သူတို့ပြောတာကတော့ သူတို့အစီစဉ်လေးကကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့  ဒီသင်တန်းကလည်း Master level လောက်ထိတတ်ထားပြီးပြီ နဂိုကတည်းကလည်း ပြင်ပအတွေ့အကြုံကိုသူတို့ အားကောင်းခဲ့တဲ့ သူတွေဖြစ်တာကြောင့် သူတို့ တကယ့် well structure လုပ်ထားပါတယ်။ အဲ့တော့ ကျနော်ကတော့ သူတို့ guide ပဲလုပ်ပေးရတာပေါ့ဗျာ။ ဥပမာအားဖြင့် ရွေးကောက်ပွဲကော်မရှင် ကနေပြီးတော့ တရားဝင်မကျသေးတဲ့ အချိန်မှာတော့ ကြိုပြီး သတင်းပေးတာတော့မကောင်းဘူး။ အဲ့တာဆိုရင် ပါတီစည်းကမ်းဖောက်ဖျက်ရာ ကျမယ်။ အဲ့တော့ ကျလာလို့ရှိရင်တော့ သူတို့ Press လုပ်မှာပါ။ အဲ့ဒီကျရင် ပါတီဖွဲ့စည်းပုံ၊ နိုင်ငံခြားရေး မူဝါဒတွေ၊ ပြည်တွင်းမူဝါဒ၊ စီးပွားရေးမူဝါဒ၊ ပညာရေးနဲ့ ပတ်သတ်တဲ့မူဝါဒတွေ အကုန်လုံးသူတို့ ချပြမှာပါ။”

သတင်းတွေထွက်ပေါ်နေတာကတော့ ပါတီမှာ အငြိမ်းစားယူထားတဲ့ စစ်ဘက်က လူကြီးတွေ ပါဝင်တယ် ဆိုတာဟုတ်ပါသလား။ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားပါသလဲ။

“နံပါတ် ၁ ကတော့ အရင်က လူကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတို့ ဘာတို့ ပါတယ်ဆိုတာကတော့ လုံးဝ မဟုတ် ပါဘူး။ အဓိက ပါဝင်ကြတာက ဒီလိုဗျ။ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီးတော့ ကျနော် သင်တန်းတွေ ဖွင့်ပေးတယ်။ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ ကနေ သင်တန်းတွေဖွင့်ပေးတယ်။ အဲ့သင်တန်းကို တက်ရောက်ခွင့်ရှိသူတွေ အကုန်လုံး၊ နိုင်ငံရေးပါတီ မည်သည့်ပါတီမဆို တက်ရောက်ခွင့်ရှိတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းတွေလည်း တက်ရောက်ခွင့်ရှိတယ်။ NGO ၊ INGO တွေလည်းတက်ခွင့်ရှိတယ်။ သာမာန်ပြည်သူတွေလည်း တက်တယ်။ Free to All ပေးထားပါတယ်။ အဲ့ဒီမှာ နိုင်ငံရေးစီမံခန့်ခွဲမှု ဆိုပြီးတခုဖွင့်တယ်။ နောက်တခုကတော့ public administration ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုပြီး တခုဖွင့်တယ်။  နောက်တခုက စီးပွားရေးစီမံခန့်ခွဲရေးဆိုပြီးတခုဖွင့်တယ်။ တိုင်းပြည်အတွက်က ဒီသုံးချက်က ဒီကဏ္ဍသုံးခုက တော်တော်လေးလိုအပ်တယ်လို့ ကျနော် ယူဆတယ်။

nzlနံပါတ်တစ် ကတော့ ကျနော်တို့ နိုင်ငံရေး ကို ကောင်းကောင်း မသိခဲ့ဘူး။ နိုင်ငံရေးကို သိရမယ်။ သိပြီးရင်လည်း အဲ့ဒီနိုင်ငံရေးကို ဘယ်လိုစီမံခန့် ခွဲရမလဲဆိုတဲ့ အတတ်ပညာ ကိုလည်း သိရ မယ်။ နောက်တခုက သူတို့ အရွေးချယ်ခံကြ ရတယ် ဆိုရင် ထိတွေ့ရမှာက ပြည်သူတွေနဲ့ပဲလေ။ အဲ့တော့ ပြည်သူ့ရေးရာဘာသာရပ်ကို ကျနော် Master level ထိသင်ပေးပါတယ်။ နောက်တခုက တိုင်းပြည် တပြည်မှာ အမြဲတန်း လိုအပ်နေတာက စီးပွားရေးပဲ။ စီးပွားရေး စီမံခန့်ခွဲမှုကိုလည်း Master level ထိသင်ပေးပါတယ်။ အဲ့သုံးခုကို တစ်ပါတီ နှစ်ပါတီထဲမဟုတ်ပဲ  free ပေါ့။ အားလုံးကို ဖွင့်ပေးလိုက်တယ်။ ကျနော့်ဆီမှာ NLD တို့ NDF တို့ အစုံပဲ၊ တိုင်းရင်းသားပါတီတွေလည်းပါပါတယ်။ ပါတီပေါင်း ၂၀ ကျော် လာတတ်ကြတယ်။ နဂိုတည်းက လာတတ် ထဲက ရည်ရွယ်ချက် တချို့ရှိကြတယ်လေ။ လွန်ခဲ့တဲ့ သုံးနှစ်ထဲက ပေါ့။ တချိန်ကြရင် နိုင်ငံရေးပါတီထောင်မယ်။ ရွေးကောက်ပွဲဝင်ကြမယ်။ ဆိုတော့ အဲ့တာကို ကျွန်တော်က မည်သူမည်သည့်ပါတီပဲထောင်ထောင်ပေါ့ ကျနော်ကကျောင်းကနေပြီးတော့ ကူညီပံပိုးပေး တယ်။ ဆိုတော့ ဒီအခုထောင်လိုက်တဲ့ ပါတီက အဲ့ဒီထဲကပေါ့ background အမျိုးမျိုးနဲ့ပေါ့။ အထူးသဖြင့် ကတော့ နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ နိုင်ငံကို တစုံတရာ တိုးတက်အောင်လုပ်ချင်သူတွေ စုဖွဲ့ထားတဲ့ ပါတီဖြစ်ပါတယ်။

ဒါဆို တခြားပါတီတွေကနေ ကူးပြောင်းလာသူတွေ ဝင်လာတဲ့သူတွေ ရှိတယ်လို့ ပြောလို့ရမလား။

“အများစု ၉၅ % ကတော့ လူသစ်တွေချည်းပဲဗျ။ ၅% တော့ ရှိမလားမသိဘူး။ တချို့ကတော့ ကိုယ့်ပါတီကို စိတ်ကုန်ပြီးဝင်လာမယ့်သူတော့ တယောက်စ နှစ်ယောက်စ ရှိမယ်လို့ ယူဆတယ်။”

ပါတီထူထောင်ဖြစ်တဲ့ ရည်ရွယ်ချက်နဲ့ ပါတီထူထောင်ဖို့ ဘယ်အချိန်တည်းကကြံရွယ်ဖြစ်ကြတာလဲ။

“အဲ့တာက အယူအဆ မှားနေကြတာပါ။ ကျနော်က ပါတီထူထောင်သူမဟုတ်ပါဘူး။ ကျနော်မှာ အစီစဉ် မရှိပါဘူး။ ကျနော်က လက်ရှိမှာ သမ္မတကြီးရဲ့အကြံပေး။ ကျနော့်တာဝန် ကျနော် ထမ်းဆောင်ပြီးရင် ကျနော့် စီးပွားရေး ကျနော်ပြန်လုပ်ဖို့ပဲရှိတယ်။ သို့သော်လည်း ကျနော့်သင်တန်းသား သင်တန်းသူတွေကပေါ့ဗျာ သူတို့ဟာသူတို့ ပါတီထောင်မယ်။ သူတို့ဟာသူတို့ ဥက္ကဋ္ဌ အတွင်းရေးမှူးစသဖြင့် ရွေးချယ်မယ်။ သို့သော်လည်း ကျနော်ကို ဒီသင်တန်းကို စပြီး ပြုစုပျိုးထောင်ပေး တဲ့သူပေါ့ဗျာ။ သူတို့က ကျနော်ကို နာယက အနေနဲတင်တာ။ ဆိုတော့ ဥပမာ ပါတီ သုံးလေးခု ထွက်လာတယ်ဆိုပါတော့ဗျာ။ တခုခုက ကျနော့်ကို နာယက အနေနဲ့ လုပ်ပေးပါဆို ငြင်းမသာဘူးလေ။ သို့သော်လည်း ကျနော်က ဥက္ကဋ္ဌတို့ ဘာတို့ ရာထူး ယူမထားဘူး။ ပြောရရင် ကျနော်က Non Exceutive ပေါ့ဗျာ။ အခုထောင်လိုက်တဲ့ပါတီကလည်း ကျနော် နယက ပဲနေတာ။ ဥက္ကဋ္ဌမဟုတ်ဘူး။ လူတွေက မှားမှားနေတာ။ ကျနော်ထောင်တဲ့ပါတီလို့ ထင်နေကြတာ။”

အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသားပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ ပြည်ခိုင်းဖြိုး ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့နဲ့အပြိုင် ဖြစ်လာမယ့်ပါတီဖြစ်လာမယ်လို့ မြင်သလား။

“ကျနော့် အမြင်ကတော့ သူတို့အချိန် နည်းနည်းနည်းသွားတယ်။ သို့သော်လည်း သူတို့က မဟာ ဗျူဟာတော့ကောင်းတယ်ဗျ။ ဆိုတော့ ၂၀၁၅ က လှေကား တဆင့်လို့တော့ ကျွန်တော်ယူဆတယ်။ ၂၀၂၀ မှာတော့ အင်အားကြီးပါတီဖြစ်လာနိုင်တယ်။ အခုကလည်း impact ကလည်းတော်တော်လေးကြီးနေ တယ်လေ။၂၀၁၅ မှာကတော့ တစုံတရာတော့ သူတို့ဖြစ်လာနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ NLD လောက်တော့ သူတို့ ၂၀၁၅ မှာတော့ အချိန်သိပ်နည်းသွားတဲ့အတွက် မကြီးနိုင်ဘူးပေါ့။”

The post အမျိုးသားပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းများမပါဝင်ဟု ပါတီနာယက ဦးနေဇင်လတ် ငြင်းဆို – မေးမြန်းချက် appeared first on DVB.


နီပေါမြေငလျင်လူအများအပြားသေဆုံး

$
0
0

နီပေါနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၉ ရှိတဲ့ အင်အားပြင်း မြေငလျင်လှုပ်ခတ်သွားရာမှာ ဧပြီ ၂၅ ရက် ညနေပိုင်းအထိ သေဆုံးသူ အနည်းဆုံး ၁၀၀ ကျော်ရှိနေပြီး သေဆုံးသူ အများအပြား ရှိနိုင်တယ်လို့ အေဂျင်စီ သတင်းတွေမှာ ဖော်ပြပါတယ်။

မြို့တော် ခတ္တမန်ဒူနဲ့ ပိုခါရာ မြို့ အကြား စနေနေ့မနက်မွန်းမတည့်ခင်အချိန်လောက်က ငလျင်လှုပ်ခတ်ခဲ့ တာဖြစ်ပြီး ငလျင်ကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးကာ့  လူတွေ အတော်များများ အထဲမှာ ပိတ်မိနေ ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တိဘက်၊ အိန္ဒိယ၊ ပါကစ္စ တန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ငလျင်ဒဏ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ (Nepal11 ရေဒီယို အင်တာနက် စာမျက်နှာ) Nepal Earthquake 1 Nepal Earthquake 2 Nepal Earthquake 8 Nepal Earthquake 3 Nepal Earthquake 4 Nepal Earthquake 5 Nepal Earthquake 6 Nepal Earthquake 7

The post နီပေါမြေငလျင်လူအများအပြားသေဆုံး appeared first on DVB.

ရန်ဖြစ်ရင်တောင် ပြန်ချစ်စေရမယ်

$
0
0

မင်္ဂလာဆောင်တယ်ဆိုတာ ( အချို့အချို့သောကိုကို မမ များကလွဲရင်) တစ် သက်မှ တစ်ခါသာ ဆောင်ရတာ။

အချို့သောကိုကို မမတွေကတော့ ငွေကြေးလေးကလည်း ပြည့်စုံ ၊ မောင် နဲ့ မယ်က တစ်မြို့စီတစ်ရွာစီဆိုတော့ သူ့အရပ်မှာလည်း တစ်ခါဆောင် ကိုယ့်ရွာမှာလည်း တစ်ခါဆောင် တစ်သက်မှာ နှစ်ခါသုံးခါ ဆောင်မိတာပါ့။

တစ်သက်မှာ တစ်ခါသာဆောင်ရတဲ့ မင်္ဂလာဆောင်မျိုးမို့ မှတ်တမ်းအဖြစ် ဓာတ် ပုံလေးတွေ ရိုက်ထားကြရ တယ်။ မင်္ဂလာဆောင်ဓာတ်ပုံဆိုတာပြီးလွယ်စီးလွယ် ရိုက်ကြ တာမျိုး မဟုတ်ဘူး၊ မင်္ဂလာဆောင် ဓာတ်ပုံ ဆရာက နောင်အခါ လင်နဲ့မယား လျှာနဲ့သွား အခန့်မသင့်လို့ ရန်ဖြစ် စိတ်ကောက် စိတ်ဆိုး မိရင်တောင်မှ မင်္ဂလာဆောင်တုန်းက ရိုက် ခဲ့တဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်မိရင် ရန်ဖြစ်ရာက ပြန်ချစ် လာအောင် စွမ်းဆောင်နိုင်ဖို့ ကြိုးစားပမ်းစား ရိုက်ပေးကြရတာပါ။

မင်္ဂလာဆောင်တစ်ဆောင်မှာ သတို့သား နဲ့ သတို့သမီးက စင်မြင့်ပေါ်ကဆိုဖာ ကြီးမှာအခန့်သားထိုင်နေချိန်ဓာတ်ပုံ ဆရာတစ်ယောက်က သတို့သမီးရှေ့မှာ ဒူးထောက် ထိုင်ချလိုက်တယ်။ သတို့သမီးရဲ့ထဘီအောက်နားတွေ ဖရိုဖရဲ မလှမပ ဖြစ်နေတာကို သေသပ်လှပသွားအောင် ပြင်ဆင်ပေးနေတာပါ။ ပြီးမှ သူက မင်္ဂလာ မှတ်တမ်းဓာတ်ပုံ ရိုက်တယ်။ မင်္ဂလာ ဓာတ်ပုံဆရာကောင်းဆိုတာ အဲဒီလိုမျိုး။

သတို့သမီးရဲ့ ထဘီကို ဒူးထောက်ထိုင်ပြီး ကိုင်ရတာ အောက်ကျနောက်ကျနိုင် တယ်လို့ ကိုယ့်အလုပ်ကို မခံစားမိဘူးလား လို့ ကျွန်တော်ကဓာတ်ပုံဆရာကို စပ်စုဖူး တယ်။ “ မဖြစ်ပါဘူး၊ ဓာတ်ပုံတစ်ပုံရိုက်တော့မယ်ဆိုရင် သတို့သား သတို့သမီးကို ခြေ ဆုံးခေါင်းဆုံး အဆင်ပြေအောင်ကြည့်ပြင်ပေးရတာ။ စေတနာ အရင်းခံပြီး ဆင်းရဲချမ်းသာ မခွဲရဘူး။ သည်လို လုပ်ပေးရင် ဆိုင်လည်း နာမည်ရတယ်လေ” လို့ မင်္ဂလာဓာတ်ပုံ ဗီဒီယိုလောကမှာ ထိပ်ဆုံးတန်းက နေရာ ရနေတဲ့ ဘိုဓာတ်ပုံအဖွဲ့က ဓာတ်ပုံဆရာ ကိုစိုး စိုးက ဖြေတယ်။

ဓာတ်ပုံဆရာလောကမှာလည်း အချောင်နှိုက်သူကတော့ရှိတတ်တယ်။ အချို့ ဓာတ်ပုံဆရာက မင်္ဂလာပွဲအတွက် သူ့ကိုမငှားပေမယ့် မျက်နှာတန်းမိတဲ့ မင်္ဂလာဆောင် မှာ လက်ဖွဲ့ချင်တာပါ လို့ပြောပြီး ဇွတ်ဝင်ရိုက်တယ်။(မင်္ဂလာဆောင် ရှင်က လက်ဖွဲ့ဆိုပြီး ဓာတ်ပုံတွေလာ ပေးတဲ့အခါ တစ်ခုခုတော့ တုန့်ပြန်မယ်ဆိုတာ သိပြီးသားပါ။)

ငှါးထားတဲ့ မင်္ဂလာ ဓာတ်ပုံဆရာ က ဓာတ်ပုံကောင်းကောင်းရအောင်သတို့သား သတို့သမီးကို ခြေဆုံးခေါင်းဆုံး သွားပြင်ပေးနေတဲ့အချိန်မှာ စည်းမရှိတဲ့ ဓာတ်ပုံဆရာ က ဓာတ်ပုံဆရာ နေရာယူပြီး ရိုက်ရမယ့်နေရာမှာ အတည်ပေါက်နေရာယူထားပြီး ရိုက် တယ်။ တကယ့်ဓာတ်ပုံဆရာက အားနာတတ်ရင် ဓာတ်ပုံရှုထောင့်ကောင်း သူများကို ပေးလိုက်ရပြီး အားမနာတတ်လို့ ဖယ်ခိုင်းရင်တောင်မှ တစ်ကွက်နှစ်ကွက်ပါလို့ ပြောပြီး စည်းမရှိတဲ့ ဓာတ်ပုံဆရာက သူများပြင်ထားတာကို အတည်ပေါက် ခူးခပ်စားသွားတာ မျိုးလည်း ရှိပါတယ်။

လူတွေရဲ့ သဘာဝက ကင်မရာနဲ့ ချိန်လိုက်တာနဲ့ အတည်ပေါက် တောင့်တောင့် ကြီး ဟန်တလုံးပန်တလုံး လုပ်နေလေ့ ရှိတယ်။ ဒါကြောင့် ပါးနပ်တဲ့ မင်္ဂလာ ဓာတ်ပုံဆ ရာက အလစ်အငိုက်လေးတွေကိုလည်း ချောင်းရိုက်ထားရတယ်။ သတို့သား၊သတို့သမီး နဲ့သူတို့ရဲ့မိဘတွေပင်ကိုယ်သဘာဝအတိုင်းနေထိုင်နေတာကိုတယ်လီမှန်ဘီလူးနဲ့ ဆွဲ ယူပြီး အလစ်ချောင်း ဓာတ်ပုံရိုက်ထားတာပါ။ အလစ်အငိုက် ရိုက်တဲ့ ဓာတ်ပုံလေးတွေ က သူတို့တွေရဲ့ သဘာဝအတိုင်း အပြုံးလေးတွေ၊ အကြင်နာလေးတွေ မိမိရရပါလာ တတ်တယ်။

“သတို့သမီးတွေက ဓာတ်ပုံအရိုက်ခံတဲ့ အတွေ့အကြုံရှိတော့ ပြုံးတတ်တယ်။ ကင်မရာရှေ့မှာ ဓာတ်ပုံအရိုက်ခံတတ် တယ်။ ယောက်ျားလေးတွေက မနေတတ်ဘူး။ သဘာဝအတိုင်း ရယ်မောနေတာ သတို့သမီးနဲ့ ကြည်နူးနေတာမျိုးတွေကို ကျွန်တော် အလစ်ချောင်းရိုက်ထားတာ။ သတို့သား အဖေအမေ အသက်ကြီးတဲ့သူတွေကလည်း ကင်မရာကို ရှိန်းတတ်တယ်။ သူတို့လည်း အလစ်ချောင်းရိုက်ရတယ်” လို့ ဓာတ်ပုံ ကို ဇော်ဇော် ကပြောပြတယ်။

အလစ်ချောင်းရိုက်ထားတဲ့ သဘာဝဓာတ်ပုံလေးတွေက နောင်အခါ မင်္ဂလာ မောင်နှံတွေအတွက် ကြည်နှူးစရာ အမှတ်ရစရာ ဓာတ်ပုံကောင်းလေးတွေဖြစ်တတ်ပါ တယ်။

“အင်မတန် ရန်ဖြစ်တတ်တဲ့ လင်မယား ရှိတယ်။ သူတို့ မင်္ဂလာဆောင်တုန်း ကကြည်ကြည်နှူးနှူး ကလူကျီစယ်နေတဲ့ပုံ ကိုကျွန်တော်အလစ်ရိုက်ထားတာရှိတယ်။ မင်္ဂလာဆောင်ပြီးခါစက အဲဒီပုံကိုသဘောကျလို့ဆိုပြီး ပုံကြီးချဲ့ထားကြတယ်။ သူတို့ လင်မယားရန်ဖြစ်ပြီး စိတ်ကောက်နေကြတဲ့အခါ သူတို့အမေက အဲဒီဓာတ်ပုံ သူတို့ကို ပြပြီး ရန်ဖြစ်ပြီး ရင်လည်း ပြန်ချစ်ကြနော်လို့ ပြောလိုက်ရင် ပြန်ပြီး ရယ်ရယ်ပြုံးပြုံးဖြစ် သွားတယ်လို့ကျွန်တော့်ကိုပြောပြတာရှိတယ်” လို့ ကိုဇော်ဇော် ကဆိုတယ်။

The post ရန်ဖြစ်ရင်တောင် ပြန်ချစ်စေရမယ် appeared first on DVB.

မန်စီးတီးနိုင်ပြီး လီဗာပူး သရေကျသည့် ပရီးမီးယားလိဂ်

$
0
0

ဧပြီ ၂၅ ရက် ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးတွေထဲမှာ မန်စီးတီး တသင်းပဲ အနိုင်ရပြီး လီဗာပူးနဲ့ စပါးစ်တို့ သရေကျသွားပါတယ်။

မန်စီးတီးက အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီးမှ အက်စတွန်ဗီလာကို ၃ ဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့ တာပါ။

ဒီပွဲမှာ မန်စီတီးအတွက် အနိုင်ဂိုးတွေကို အဂွီရို၊ ကိုလာရော့ခ်နဲ့ ဖာနန်ဒင်ဟိုတို က သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ မန်စီးတီးက ၆၇ မှတ်နဲ့ အဆင့် ၂ နေရာကို တက်လှမ်း သွားပါတယ်။

လီဗာပူးကတော့ အဝေးကွင်းမှာ ၀က်စ်ဘရောင်းနဲ့  ဂိုးမရှိ သရေကျသွား ပါတယ်။

ဒီပွဲမှာ အသင်းခေါင်းဆောင် ဂျရတ်ရဲ့ လီဗာပူးအတွက် ပွဲပေါင်း ၅ ရာပြည့်ခဲ့ပါတယ်။ အခုပွဲ သရေကျလို့ လီဗာပူးရဲ့ရာသီအကုန်မှာ အဆင့် ၄ ၀င်ရေး မျှော်လင့်ချက်တွေကို ထိခိုက်ခဲ့ရပါတယ်။

စပါးစ်ကတော့ အဝေးကွင်းမှာ ဆောက်သမ်တန်နဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ၂ ဖက်အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်ခဲ့တဲ့အတွက် ကြည့်ကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

စပါးစ်က နောက်ကနေ လိုက်ကစားခဲ့ရပြီးမှ သရေ တမှတ် ရယူနိုင်ခဲ့တာပါ။ ဒီပွဲသရေကျလို့  စပါးစ်က ၅၈ မှတ်နဲ့ အဆင့် ၆၊ ဆောက်သမ်တန်က ၅၇ မှတ်နဲ့ အဆင့် ၇ မှာ အသီးသီး ရပ်တည်နေပါတယ်။

တခြားပွဲစဉ်တွေမှာတော့ ဆွမ်ဆီးက နယူးကာဆယ်ကို ၃ ဂိုး ၂ ဂိုး၊ လက်စတာက ဘန်လေကို ၁ ဂိုး ဂိုးမရှိ၊ ဟားလ်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို ကျူပီအာနဲ့ ၀က်စ်ဟမ်း ဂိုးမရှိသရေနဲ့၊ စတုတ်နဲ့ ဆန်းဒါးလန်းတို့ ၁ ဂိုးစီသရေကျသွားပါတယ်။

ဓာတ်ပုံ (ရိုက်တာ) Manchester City v Aston Villa - Barclays Premier League Manchester City v Aston Villa - Barclays Premier League Burnley v Leicester City - Barclays Premier League Southampton v Tottenham Hotspur - Barclays Premier League Southampton v Tottenham Hotspur - Barclays Premier League

The post မန်စီးတီးနိုင်ပြီး လီဗာပူး သရေကျသည့် ပရီးမီးယားလိဂ် appeared first on DVB.

ဘာစီနိုင်သည့် လာလီဂါ

$
0
0

စနေနေ့က စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက အဝေးကွင်းမှာ အက်စပန်ညိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး နေမာနဲ့ လီယွန်နယ် မက်ဆီက သွင်းယူပါတယ်။

ဒီပွဲမှာ အကြိတ်အနယ် ရှိခဲ့လို့ ဘာကာက အယ်လ်ဘာနဲ့ အက်စပန်ညိုက မိုရီနိုတို့ အထုတ်ခံခဲ့ရပါတယ်။

ဘာကာက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။

ဒီပွဲနိုင်လို့ ဘာစီလိုနာက လာလီဂါ အမှတ်ပေးဇယားမှာ ၈၁ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

ဒီရာသီမှာ လာလီဂါ ချန်ပီယံဆုအတွက် ဘာကာကို ဒုတိယနေရာကနေ အနီးကပ်ဆုံး ဖိအားပေးနေတဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ဧပြီ ၂၆ ရက်မှာ  ဆဲလ်တာ ဗစ်ဂိုနဲ့ ယှဉ်ပြိုင်ရမှာပါ။

The post ဘာစီနိုင်သည့် လာလီဂါ appeared first on DVB.

နီပေါငလျင် သေဆုံးသူ ထောင်ချီမြင့်တက်

$
0
0

နီပေါနိုင်ငံမှာ ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့တဲ့ အားပြင်းတဲ့ ငလျင်ကြောင့် လူပေါင်း ၁၈၀၅ ယောက် သေဆုံးပြီး ၄၇၀၀ ဒဏ်ရာရတယ်လို့ နီပေါ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကက်သမန်ဒူး ဆေးရုံကြီးမှာ ခြေကျိုးလက်ကျိုး လူနာတွေနဲ့ ပြည့်နေပြီး တချို့က အပြင်ဘက်မှာပဲ ကုသမှု ခံယူနေရလို့ သတင်းတွေက ဖော်ပြပါတယ်။

ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်နေလို့ ကုသရေးမှာ မနိုင်မနင်း ဖြစ်နေသလို ဆေးဝါး မလုံလောက်လို့ အပြင်ဆိုင်ကနေ ၀ယ်ယူခဲ့ရတယ်လို့ ဆေးရုံ အရာရှိတွေက ပြောပါတယ်။

ဆိုးရွားတဲ့ ငလျင်ဒဏ်ကို ကြုံတွေခဲ့ရတဲ့ ဒေသခံတွေဟာ အိမ်ထဲမှာ မနေရဲတော့ဘဲ အိမ်ပြင်ဘက်မှာပဲ ညအိပ် ခဲ့ကြပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက လမ်းပေါ်မှာ ထွက်နေကြတဲ့ လူထောင်ပေါင်းများစွာ အတွက် နေထိုင်ရေး အဆင်ပြေအောင် စီစဉ်ပေးနေရပါတယ်။

ဧပြီ ၂၆ ရက် နေ့လည်ပိုင်း လူအသွားအလာ များချိန်မှာ နီပေါနိုင်ငံ မြို့တော်ရဲ့ အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ကို  ဗဟိုပြုပြီး  ၇ဒသမ ၉ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

အမေရိကန် ဘူမိဗေဒဌာနရဲ့အဆိုအရ ငလျင်ဟာ မြေအောက်  ၂ မိုင် အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာကြောင့် အထက်မြေပြင်နဲ့ အလွန်နီးစပ်တယ်လို့ သတ်မှတ်ပါတယ်။ ဒီငလျင်ဟာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ၆ဒသမ၆ နဲ့ ၅ဒသမ ၁ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၂ခု လည်း ဆက်လှုပ်ခဲ့ တယ်လို့ ဆိုပါတယ်။

ငလျင်အရှိန်ကြောင့် ၁၉ ရာစုက တည်ဆောက်ခဲ့တဲ့ ဒါရာရာ သမိုင်းဝင် မျှော်စင်လည်း ပြိုကျခဲ့သလို ဧ၀ရတ်တောင်ပေါ်မှာလည်း နှင်းပြိုမှုဖြစ်ခဲ့ပါတယ်။

နီပေါမှာ ၂၀၁၁ ခုနှစ်ကလည်း အားပြင်းတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅ ယောက်သေဆုံးခဲ့ဖူး ပါတယ်။ ၁၉၈၃ ခုနှစ်က ၈ဒသမ ၃ ပြင်းအားရှိတဲ့ ငလျင်ကတော့ အဆိုးရွားဆုံးခဲ့ဖြစ်ပြိး လူ ၈၅၀၀ သေဆုံးခဲ့ဖူး ပါတယ်။

ဓာတ်ပုံ (ရိုက်တာ) People work to rescue trapped people inside a temple in Bashantapur Durbar Square after an earthquake hit, in Kathmandu People gather near a collapsed house after major earthquake in Kathmandu People survey a site damaged by an earthquake, in Kathmandu Body of a victim lies trapped in the debris after an earthquake hit, in Kathmandu

The post နီပေါငလျင် သေဆုံးသူ ထောင်ချီမြင့်တက် appeared first on DVB.

Viewing all 36043 articles
Browse latest View live