Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

အမေရိကန် ဟိုတယ်တခုတွင် တရုတ်နိုင်ငံသား ၁၀ ဦးကို စစ်ဆေး

$
0
0

အမေရိကန်ပြည်ထောာင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နိုင်ငံရပ်ခြားက ကိုယ်ဝန်ဆောင်တွေအတွက် ဖွင့်ထားတဲ့ ဟိုတယ်မှာ တည်းခိုခဲ့တဲ့ တရုတ်နိုင်ငံသား ၁၀ ယောက်ကို စစ်ဆေးနေတယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

ဒီလို ဟိုတယ်တွေမှာ နိုင်ငံခြားက ကိုယ်ဝန်ဆောင်တွေ တည်းခိုပြီး မွေးလာတဲ့ ကလေးတွေကို အမေရိကန်နိုင်ငံသား လျှောက်လေ့ရှိတယ်လို့ တရားရေးဌာနက ဆိုပါတယ်။

အဲဒီလို ဟိုတယ်တွေဟာ တရုတ်ပြည်က မိခင်တွေကို အပြီးအငြိမ်း ဒေါ်လာ ၁၅၀၀၀ ကနေ ၅၀၀၀၀ ထိ ယူပြီး ၀န်ဆောင်မှုပေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း အာဏာပိုင်တွေဟာ တောင်ပိုင်း ကယ်လီဖိုးနီးယားက တခြားနေရာတွေမှာလည်း လျှပ်တပြက် စစ်ဆေးရေး ၀င်ခဲ့ပါတယ်။

အခုအမှုမှာ မျက်မြင်သက်သေဖြစ်တဲ့ တရုတ်အမျိုးသမီးကို မွေးခါစကလေးငယ်၊ သူရဲ့ ခင်ပွန်းသည် တို့နဲ့ အတူ လောအိန်ဂျလိ နိုင်ငံတကာ လေဆိပ်မှာ အရင်တပတ်က ဖမ်းဆီးမိခဲ့ပါတယ်။

သူတို့ ၁၀ ဦးလုံးကို အမေရိကန် ခရီးစဉ်အတွက် အမှန် တကယ် ရည်ရွယ်ချက်ကို ဖုံးကွယ်ပြီး လူဝင်မှုကြည့်ကြပ်ရေးဌာနမှာ အချက်အလက်အမှားပေးပြီး ဗီဇာမှုနဲ့ တရားစွဲမယ်လို့ တရားရေးဌာနရဲ့ ကြေညာချက်က ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမေရိကန်မြေပေါ်မှာ မွေးတဲ့ ကလေးတိုင်းကို အမေရိကန်နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားပါတယ်။ လူဝင်မှု ကြီးကြပ်ရေးဥပဒေ ပညာရှင်တွေရဲ့ အဆိုအရ နိုင်ငံရပ်ခြားကနေ အမေရိကန်မြေပေါ်မှာ ကလေးမွေးဖို့ သွားတယ်ဆိုရင်လည်း ဥပဒေချိုးဖောက်မှု မမြောက်ဘူးလို့ ဆိုကြပါတယ်။

ဒါပေမယ့် စုံစမ်းရေးမှူးတွေက ဖမ်းဆီးထားသူတွေဟာ ဗီဇာစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု၊ အခွန်ငွေလိမ်လည်မှု၊ ငွေကြေးခ၀ါချမှုကိစ္စတွေလို ရာဇ၀တ်မှုတွေ ကျူးလွန်ခြင်း ရှိ၊ မရှိ ဆိုတာကိုလည်း စစ်ဆေးဦးမယ်လို့ ဆိုပါတယ်။
အပြစ်ထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ၂၅ နှစ် ချမှတ်ခံရဖွယ် ရှိပါတယ်။

us police us police2 us police3 us police4

The post အမေရိကန် ဟိုတယ်တခုတွင် တရုတ်နိုင်ငံသား ၁၀ ဦးကို စစ်ဆေး appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)