Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

ပတ်ကွီရိုနှင့် မေ၀ယ်သာ လက်ဝှေ့ပွဲ သိထားသင့်သည့် အချက်များ

$
0
0

အမေရိကန် လက်ဝှေ့သမား ဖလောဒ့် မေ၀ယ်သာနဲ့ ဖိလစ်ပိုင် လက်ဝှေ့သမား ပတ်ကွီရိုတို့ လက်ဝှေ့ထိုးဖို့ ပွဲနီးလာတာနဲ့ အမျှ လက်ဝှေ့ စိတ်ဝင်စားတဲ့သူတွေ အကြား ဘယ်သူနိုင်မလဲဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်လောင်လာပါတယ်။

ဒီအထဲမှာ အသက်အရွယ် သက်လုံတွေကို ထည့်သွင်းတွက်ချက် ခန့်မှန်းတာတွေ ရှိသလို လက်ရည်ကိုကြည့်ပြီးတော့ ခန့်မှန်းတာတွေလည်း ရှိနေပါတယ်။ ခန့်မှန်းချက်တွေကတော့ တဦးနဲ့ တဦး အယူအဆမတူ ကွဲပြားခြားနားနေတာကိုလည်း တွေ့နေရပါတယ်။

ဥပမာ နာမည်ကြီး ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်ကတော့ မေ၀ယ်သာက တိုက်စစ်ထက်ခံစစ်ကို အသားပေးတဲ့ ပုံစံက ပတ်ကွီရိုရဲ့ အရှိန်နဲ့ ထိုးအားပြင်းတဲ့ လက်သီးချက်တွေကြောင့် နောက်ကောက်ကျပြီး ပတ်ကွီရို အနိုင်ရမယ်လို့ ခန့်မှန်းပါတယ်။

ဒါပေမယ့် လိုက်ဝယ်သာဝိတ်တန်းချန်ပီယံ အာမီခန်းကတော့ ပတ်ကွီရိုရဲ့ လက်သီးချက်တွေ မေ၀ယ်သာကို ထိနိုင်ပေမယ့် ပါးနပ်တဲ့ မေ၀ယ်သာက အနိုင်ရမယ့် နည်းလမ်းကို ရှာတွေ့ပြီး မေ၀ယ်သာနိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

သူတို့ ၂ ဦးလုံးနဲ့ ထိုးခဲ့ဖူးတဲ့ လက်ဝှေ့သမား ၅ ဦးထဲမှာ ၃ ဦးက မေ၀ယ်သာ နိုင်မယ်လို့ ခန့်မှန်းသလို ၂ ဦးက ပတ်ကွီရိုနိုင်မယ်လို့ မှန်းထားပါတယ်။

မေ၀ယ်သာရဲ့ ထိုးသတ်နည်းတွေဟာ ဘယ်သန် ပတ်ကွီရိုအတွက် အလုပ်မဖြစ်သလို မေ၀ယ်သာကို အနိုင်ထိုးသတ်မယ့် ဗျူဟာကို တီထွင်ပေးထားတယ်လို့ ပတ်ကွီရို နည်းပြက ပြောပါတယ်။

လက်ဝှေ့ သမား ၂ ဦးလက်ဝှေ့ထိုးဟန်ကတော့ မေ၀ယ်သာက ခံစစ်အသားပေးသလို ထိုးကြောနပ်တယ်လို့ ဆိုပါတယ်။ ထိုးသတ်တဲ့ ကာလ တလျှောက်မှာ ပြိုင်ဘက်တွေရဲ့ လက်သီးချက် ၁၆ ရာခိုင်နှုန်းပဲ ထိမှန်တယ်လို့ ဆိုပါတယ်။

ပတ်ကွီရိုကတော့ တိုက်စစ်ကို အသားပေးလေ့ရှိပြီး မေ၀ယ်သာရဲ့ ထိုးဟန်နဲ့ ကွာတယ်လို့ ဆိုပါတယ်။ မေ၀ယ်သာကို အနိုင်ရဖို့ လက်သီးချက် ၈၀၀ ကျော်ကို ပတ်ကွီရိုက ပစ်လွှတ်ရမယ်လို့ လက်ဝှေ့သုံးသပ်သူတွေက ဆိုပါတယ်။

အာရှသားအများစုကတော့ ၂ ဒေါ်လာနဲ့ လက်ဝှေ့စထိုးခဲ့တဲ့ ပတ်ကွီရိုကို အားပေးကြသလို ဥရောပ အမေရိကတိုက်ကတော့ မေ၀ယ်သာကို အားပေးနေတာကို တွေ့နေရပါတယ်။

နာမည်ကြီး အဆိုတော် ဂျက်စတင်ဘီဘာဆိုရင် မေ၀ယ်သာရဲ့ ခါးပတ်တွေကို ကိုင်ပြီး စင်ပေါ်အထိ လိုက်ပါဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ ထိုးသတ်တာဖြစ်တဲ့ အတွက် အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာကတော့ ပရိသတ် အားပေးမှုကတော့ အသာစီးရတယ်လို့လည်း ဆိုပါတယ်။

လက်ဝှေ့ပွဲနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တယ်လို့ ရေးသားလာတဲ့ သတင်းတချို့တွေထဲမှာ ဒီပွဲဟာ မေ ၂ ရက် အမေရိကန်ပြည်ထောင်စု လတ်ဗီးဂတ်စ်မှာ ဒေသစံတော်ချိန် ညနေ ၂ နာရီ လက်ဝှေ့ရုံ စတင်ဖွင့်မှာ ဖြစ်ပြီး တခြားလက်ဝှေ့ပွဲတွေကတော့ ၃ နာရီ စတင် ထိုးသတ်မှာ ဖြစ်ပါတယ်။

မေ၀ယ်သာနဲ့ ပတ်ကွီရိုတို့ကတော့ ဒေသစံတော်ချိန် ည ၈ နာရီ(မြန်မာစံတော်ချိန် အနေနဲ့ မေ ၃ ရက် နံနက် ၉ နာရီခွဲဝန်းကျင်) မှာ စတင်နိုင်တယ်လို့ တယ်လီဂရပ်ဖ်သတင်းက ရေးပါတယ်။

မေ၀ယ်သာနဲ့ ပတ်ကွီရိုတို့ဟာ ကမ္ဘာအကောင်းဆုံး လက်ဝှေ့သမားတွေအဖြစ် သတ်မှတ်ခံထားရသလို ဒီလို ပြိုင်ဘက် ၂ ဦး ထိုးသတ်တာ ရှားရှားပါးပါး ဖြစ်တဲ့အတွက် ဒီပွဲဟာ ကြီးကျယ်တဲ့ လက်ဝှေ့ပွဲတခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပွဲဟာ ကြည့်ကောင်းမကောင်းဆိုတဲ့ သုံးသပ်ချက်မှာတော့ မေ၀ယ်သာက ခံစစ်သမား ဖြစ်သလို ပရိသတ်ကို ဖျော်ဖြေမှုပေးဖို့ သိပ်ဂရုမစိုက်သလို ပတ်ကွီရိုကတော့ တိုက်စစ်ဦးစားပေးသမား ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ ပတ်ကွီရိုက တိုက်စစ်ကို သုံးမယ်ဆိုရင် မေ၀ယ်သာက အလွယ်တကူနိုင် သွားနိုင်သလို ပတ်ကွီရိုက ပညာသားပါရင်တော့ ပွဲက စိတ်ဝင်စားစရာ ဖြစ်မှာ ဖြစ်သလို ၂ ယောက်စလုံးက ထိန်းပြီးထိုးမယ်ဆိုရင် ပွဲက ငြီးငွေ့စရာ ဖြစ်နေမယ်လို့ ဆိုပါတယ်။

ဒီပွဲပြီးရင် ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းကိုတော့ တကယ်လို့ ဒီပွဲဟာ သင့်တင့်လက်ခံနိုင်စရာ ပွဲတခု ဖြစ်မယ်ဆိုရင်တော့ ထပ်ထိုးဖို့ အလားအလာရှိနိုင်တယ်လို့ ဆိုပါတယ်။

မေ၀ယ်သာကတော့ ထိုးစရာ လက်ဝှေ့ပွဲ တပွဲပဲကျန်တယ်လို့ ပြောပေမယ့် ထပ်ထိုးနိုင်သလို ပတ်ကွီရို ထပ်ထိုးမထိုးကတော့ ပွဲရဲ့ အရှုံ့း အနိုင်ပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။

လက်ဝှေ့ရာဇ၀င်မှာ ကြေးအကြီးဆုံးပွဲဖြစ်သလို မေ၀ယ်သာက ထိုးကြေး ပေါင် သန်း ၉၀ (ဒေါ်လာ သန်း ၁၄၀-၁၅၀) ကြားနဲ့ ပတ်ကွီရိုက ပေါင် သန်း ၆၀ (ဒေါ်လာ သန်း ၉၀-၁၀၀) ကြား ရမယ်လို့ ခန့်မှန်းနေပါတယ်။

ဥပမာ လက်ဝှေ့ပွဲကြည့်ဖို့ အတွက် ဒေါ်လာ ၁၀၀၀ ကနေ ၁၀၀၀၀ ကြားရှိတဲ့ လတ်မှတ် ၅၀၀ လောက်ကိုသာ လူထုကို ရောင်းချပေးခဲ့သလို ရောင်းပြီး သိပ်မကြာခင်မှာ လတ်မှတ်တွေ ကုန်သွားတဲ့ အတွက် မှောင်ခိုဈေးကွက်မှာ လတ်မှတ်တစောင်တန်ဖိုးဟာ သတ်မှတ်ဈေးနှုန်းထက် ၄၊ ၅ ဆ မြင့်တက်သွားပါတယ်။

ဒါအပြင် ဒီပွဲ ထုတ်လွှင့်ခွင့် စပေါင်ဆာတွေ အားလုံးကို တွက်လိုက်မယ်ဆိုရင် ဒီပွဲက ၀င်ငွေ ဒေါ်လာ သန်း ၃၀၀ လောက်ရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါအပြင် လတ်မှတ်ရောင်းချရမှုကနေ ဒေါ်လာ ၇၄ သန်း ၀င်ငွေရရှိဖို့ မျှော်လင့်ထားသလို လက်မှတ်တစောင်ရဲ့ ပျှမ်းမျှတန်ဖိုးက ဒေါ်လာ ၁ သောင်းကျော်ရှိပါတယ်။ ဈေးအကြီးဆုံးခုံကတော့ ဒေါ်လာ ၁ သိန်း ၄ သောင်းကျော်ရှိနေပါတယ်။

၂၀၁၄ ခုနှစ် အားကစားသမားတွေရဲ့ ၀င်ငွေစာရင်းအရ မေ၀ယ်သာရဲ့ ၀င်ငွေက ဒေါ်လာ ၁၀၅ သန်းရှိပြီး နာမည်ကြီး ဘောလုံးသမား ရော်နယ်ဒိုက ဒေါ်လာ ၈၅ သန်းပဲရှိခဲ့တာ ဖြစ်ပါတယ်။ ပတ်ကွီရိုကတော့ ၄၁ သန်းပဲရှိခဲ့ပါတယ်။ မေ၀ယ်သာက ၃ နှစ်ဆက်တိုက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားလည်း ဖြစ်ပါတယ်။

မေ၀ယ်သာက လက်ရှိ ဒေါ်လာ ၂၉၅ သန်း ပိုင်ဆိုင်ထားသလို ပတ်ကွီရိုကတော့ ဒေါ်လာ သန်း ၁၁၀ ပိုင်ဆိုင်ထားပါတယ်။ ကိုယ်ပိုင် လေယာဉ် ၁၄ စင်းကိုလည်း မေ၀ယ်သာက ပိုင်ဆိုင်ထားပါတယ်။

ဒီအထဲမှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးဘ၀က ဆင်းသက်လာတဲ့ မေ၀ယ်သာနဲ့ ပတ်ကွီရိုတို့ရဲ့ လူမသိသူမသိ အချက်တွေကိုလည်း သတင်းတွေမှာ ရေးသား ဖော်ပြလာပါတယ်။

မေ၀ယ်သာက လက်ဝှေ့သမား မိသားစုက ပေါက်ဖွားလာသလို မိခင်က မူးယစ်ဆေး စွဲနေတယ်လို့ ဆိုပါတယ်။

ပတ်ကွီရိုတို့ မိသားစု ၇ ဦးကတော့ ကတ်ထူစက္ကူတွေ ကာရံထားတဲ့ တဲကုတ်မှာ နေခဲ့ရသလို ပတ်ကွီရိုဟာ အစာကို အမြဲဆာလောင်နေပြီး တချို့နေတွေမှာ ရေပဲသောက်ရတဲ့အထိ ရှိခဲ့ပါတယ်။ ဖခင်က သူရဲ့ခွေးကို စားသောက်ခဲ့ပြီးတဲ့နောက် အိမ်ကနေ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ မေ၀ယ်သာက နေ့တိုင်း မနက်ပိုင်းမှာ ၁၀ မိနစ်ကြာအောင် သွားတိုက်သလို အပြင်ထွက် တခုခု စားမယ်ဆိုရင် ရေနွေးကို အရင်မှာလေ့ရှိပြီးတော့ ဒီရေနွေးထဲကို ငွေထည်ပစ္စည်းလေး ထည့်ပြီးတော့ ရေနွေးကို အသုံးပြုတာတွေကိုလည်း မီဒီယာမှာ ရေးသားလာပါတယ်။

ဒါအပြင် ဘရက်ပစ်ပါတဲ့ ထရိုင် ဇာတ်ကားကို မရိုးနိုင်အောင် အကြိမ်ကြိမ် ကြည့်တာ၊ မိုက်ခရိုဝေ့နဲ့ နွေးထားတဲ့ အစားအသောက်ကို မစားဘဲ ချက်ထားတဲ့ အစားအသောက်တွေကိုသာ စားတာတွေကိုလည်း ထည့်သွင်းထားပါတယ်။

ပတ်ကွီရိုဆိုရင်လည်း ပေါင်းထမင်းအဖြူကို ကြက်သားနဲ့ အမဲသား အမြဲစားတာ၊ အခန်းအပူချိန်နဲ့ သင်တော်တဲ့ ရေ ဒါမှမဟုတ် ရေနွေးကိုပဲသောက်တာ၊ တရက်ကို ထမင်း ၅ ကြိမ် စားပြီး ကိုယ်အလေးချိန်ကို ထိန်းတာတွေ ပါဝင်ပါတယ်။

လော့စ်အိန်ဂျယ်လိစ်မှာ မနက်တိုင်းပြေးရင် ပရိသတ် ၅၀၀ သူနောက်လိုက်ပြေးတာ၊ မနက်တိုင်း သမ္မာကျမ်းစာ ဖတ်တာ၊ ဖိလစ်ပိုင် အရန်စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီး ရာထူး ယူထားတာတွေကိုလည်း နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြလာပါတယ်။

The post ပတ်ကွီရိုနှင့် မေ၀ယ်သာ လက်ဝှေ့ပွဲ သိထားသင့်သည့် အချက်များ appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


နာမည်ကြီးနေတဲ့ ဆယ်လီတက္ကသိုလ်ကျောင်းသူ အချောလေးများ


ဂျပန်နာမည်ကြီး အပြာမင်းသားကြီးနဲ့ ကိစ္စ သင်ဇာဝင့်ကျော်ပြောပြီ…..