Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

လူကုန်ကူးမှု နှိမ်နင်းရေး မဲခေါင်ဒေသတွင်းနိုင်ငံများ ပူးတွဲကြေညာ

$
0
0

မဟာမဲခေါင်ဒေသတွင်းနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ဟာ ကမ္ဘောဒီယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ တွေ့ဆုံပြီး ဒေသတွင်းမှာ လူကုန်ကူးမှုမျိုးစုံကို ပပျောက်တဲ့အထိ နှိမ်နင်းသွားဖို့ ပူးတွဲ ကြေညာချက်တစောင်ကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မဲခေါင်ဒေသနိုင်ငံများရဲ့ ၀န်ကြီးအဆင့် အစည်းအဝေး အပြီးမှာ ပူးတွဲကြေညာချက်မှာ “လူအရောင်းအ၀ယ်ကိစ္စ၊ အဓမ္မ ခေါ်ဆောင်မှု၊ အတင်းအကျပ် အိမ်ထောင်ပြုခိုင်းတဲ့ကိစ္စ၊ ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေမျိုးမှာ ချောင်ပိတ် ထားတဲ့ ကိစ္စမျိုးးတွေ အားလုံးကို အမြစ်မကျန်အောင် နှိမ်နင်းသွားမယ်” လို့ ဖော်ပြထားပါတယ်။

အစည်းအဝေးမှာ ကမ္ဘောဒီယား ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး ဆာခိန်ဂ်(Sar Kheng) က လူကုန်ကူးမှုဟာ အခြေခံ လူ့အခွင့်ရေးကို ချိုးဖောက်ရုံမက၊ ခံရတဲ့လူနဲ့ သူ့မိသားစုအတွက် ကြီးကြီးမားမား နစ်နာစေတဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။

လူကုန်ကူးမှု ပြသနာဟာ မဲခေါင်ဒေသ ၆ နိုင်ငံစလုံးအတွက် ၀န်ထုပ်ဝန်ပိုးတခု ဖြစ်နေပြီး ဒါကို စုပေါင်းအားနဲ့ ညီညီညာညာ တိုက်ဖျက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး ၀မ်ဂျီယာအ်(Wang Jian)ကလည်း ပုံစံမျိုးစုံနဲ့ ရှိနေတဲ့ လူကုန်ကူးမှုကို တိုက်ဖျက်သွားဖို့ ထပ်လောင်း ကတိပြုသွားပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၁၃ ခုနှစ်ကတည်းက လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ချမှတ်ထားပြီး တရုတ်ပြည်က အတွေ့အကြုံတွေကို ဒေသတွင်းက တခြားနိုင်ငံတွေကို မျှဝေပေးသွားမယ်လို့ဆိုပါတယ်။

မဲခေါင်ဒေသအတွင်း လူကုန်ကူးမှုစက်ကွင်းထဲမှာ လူသန်းနဲ့ချီ သက်ဆင်းနေရပြီး ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေဟာလည်း ဆိုးရွားလွန်းတယ်ဆိုပြီး ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစည်းအဝေးကို ကိုယ်စားလှယ်ပေါင်း ၅၀၀ ၀န်းကျင် တက်ရောက်ခဲ့ပြီး မဲခေါင်ဒေသ နိုင်ငံတွေအပြင်၊ နိုင်ငံတကာနဲ့ ယူအန်အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲအစည်းတွေနဲ့ ဒေသတွင်းမှာ လူကုန်ကူးမှုနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဆောင်ရွက်နေတဲ့ တခြားအဖွဲ့တွေလည်း ပါဝင်ပါတယ်။

Mekong Delta Mekong Delta1 Mekong Delta2 Mekong Delta3 Mekong Delta4

The post လူကုန်ကူးမှု နှိမ်နင်းရေး မဲခေါင်ဒေသတွင်းနိုင်ငံများ ပူးတွဲကြေညာ appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles