Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

မြောက်ကိုရီးယား အစိုးရ ၀န်ကြီးများအပါအ၀င် ၁၅ ဦးကို သေဒဏ်ပေးကွပ်မျက်

$
0
0

၂၀၁၅ ခုနှစ် ဧပြီလအတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အပါအ၀င် လူ ၁၅ ယောက်ကို သေဒဏ်ပေး ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာနက ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

သူလျှိုမှုနဲ့ စွပ်စွဲ ကွပ်မျက်ခံရတာ ဖြစ်ပြီး အဲဒီထဲမှာ ကင်ဂျုံအန်းရဲ့ မူဝါဒတွေကို စောဒကတက်တဲ့ ဒုဝန်ကြီး ၂ ဦးလည်း ပါဝင်ပါတယ်။

တခြား ကွပ်မျက်ခံရသူတွေကတော့ ကင်ဂျုံအွန်းရဲ့ဇနီး ရီဆော့လ်ဂျူ (Ri Sol-ju) အရင်က အဆိုတော်အဖြစ် ပါဝင်ခဲ့တဲ့ သံစုံတီးဝိုင်းအဖွဲ့ဝင် ၄ ဦး ပါဝင်ပါတယ်။

သူတို့ကတော့ ကင်ဂျုံအွန်းမိသားစုအတွင်းရေးတွေ ပေါက်ကြားမှုနဲ့ ကွပ်မျက်ခံရတာ ဖြစ်နိုင်ပြီး ပြီးခဲ့တဲ့ မတ်လက ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံရေးခေါင်းဆောင်တွေကို ကိုးကားပြီး ယွန်ဟတ်ပ်(Yonhap)သတင်းစာမှာ ဖော်ပြပါတယ်။

ကွပ်မျက်ခံရတဲ့ ဒုဝန်ကြီးတဦးကတော့ သစ်တောရေးရာဒုဝန်ကြီးဖြစ်ပြီး ကင်ဂျုံအွန်း ချမှတ်ခဲ့တဲ့ သစ်တောရေးရာမူဝါဒတွေကို ပြစ်တင်ဝေဖန်လို့ ဆိုပါတယ်။

ကင်ဂျုံအွန်းဟာ သူ့ကို ဆန့်ကျင်ဝေဖန်တဲ့သူ၊ သူ့ရဲ့အာဏာကို ယှဉ်ပြိုင်လာနိုင်သူတွေကို လက်ဦးမှုယူ ကွပ်မျက်လေ့ရှိပြီး ၂၀၁၃ ခုနှစ်က ဦးလေးတော်စပ်သူနဲ့ နီးစပ်သူတွေကို ကွပ်မျက်ခဲ့ပါတယ်။

ဦးလေးဖြစ်သူဟာ ၂၀၁၁ ခုနှစ်က သူ့ဖခင် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီကွယ်လွန်ပြီးနောက် သားဖြစ်သူ ကင်ဂျုံအွန်းကို အာဏာလွှဲပြောင်းမှု ချောချောမွေ့မွေ့ဖြစ်ရေးမှာ အဓိက ကူညီအားပေးခဲ့သူလို့ အများက ထင်ကြေးပေးခံရသူလည်း ဖြစ်ပါတယ်။

The post မြောက်ကိုရီးယား အစိုးရ ၀န်ကြီးများအပါအ၀င် ၁၅ ဦးကို သေဒဏ်ပေးကွပ်မျက် appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles