Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

ဆူဒန်ရွေးကောက်ပွဲ လက်ရှိသမ္မတ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ

$
0
0

ဆူဒန်မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အိုမာ ဟက်စန် အယ်လ် ဘာရှီးယားက ၉၄ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အနိုင်ရရှိသွားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

အဓိက အတိုက်အခံတွေ သပိတ်မှောက်ထားတဲ့ ရွေးကောက်ပွဲမှာ အသက် ၇၁ နှစ်အရွယ် ဘာရှီးယားကပဲ တခဲနက် အနိုင်ရတာကြောင့် ဒုတိယအကျော့ ရွေးကောက်ပွဲကို ကျင်းပဖို့ မလိုအပ်တော့ဘူးလို့ ကော်မရှင်က ကြေညာပါတယ်။

ဒါကြောင့် ဆူဒန်ကို နှစ်အစိတ်လောက် အုပ်ချုပ်လာတဲ့ ဘာရှီးယားနဲ့ သူရဲ့ နေရှင်နယ် ကွန်ဂရက် ပါတီဟာ ဆူဒန်ကို ဆက်လက် အုပ်ချုပ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်တဲ့အချိန်တုန်းကတော့ ဘာရှီးယားက  လက်ရှိ အာရပ်နိုင်ငံတွေ ကြုံနေတဲ့ ၀ရုန်းသုန်းကာ အခြေအနေမျိုး ဆူဒန်နိုင်ငံမှာ မဖြစ်အောင် သူကပဲ ထိန်းပေးနိုင်မယ်ဆိုပြီး စည်းရုံး ဟောပြောခဲ့တာပါ။

ဆူဒန်က ဒါဖာဒေသမှာ ၂၀၀၃ ခုနှစ်ကစလို့ ဆူပူသောင်းကျန်းမှုတွေ ရှိနေပါတယ်။  ၂၀၁၁ ခုနှစ်မှာလည်း တောင်ဆူဒန် ခွဲထွက်သွားပြီးနောက် ဘလူးနိုင်းဒေသနဲ့ တောင် ကော်ဒိုဖန်း ဒေသတို့မှာလည်း မငြိမ်မသက် ဖြစ်နေပါတယ်။

ဘာရှီးယား ကိုယ်တိုင်ကလည်း  နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးက အလိုရှိနေတဲ့ တရားခံ ပြေး ဖြစ်ပါတယ်။

သူဟာ ဒါဖာဒေသ သူပုန်ထမှုကို နှိမ်နင်းရာမှာ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်အောင် ကြိုးကိုင် စီစဉ်ခဲ့သူအဖြစ် နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (အိုင်စီစီ) က အလိုရှိနေပါတယ်။

ပြည်တွင်းမှာလည်း သမ္မတ ဘာရှီးယားဟာ မီဒီယာတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အတိုက်အခံတွေကို နှိပ်ကွပ်သူအဖြစ် နာမည်ပျက်နေသူ ဖြစ်ပါတယ်။

ဆူဒန်မှာ  လူဦးရေ ၃၇ သန်းရှိပြီး ထက်ဝက်က ဆင်းရဲတွင်းထဲမှာ ရှိနေကြပါတယ်။ မဲဆွယ်တဲ့ အချိန်မှာတော့ ဘာရှီယားက  လုံခြုံရေးနဲ့ တည်ငြိမ်းရေး ကိစ္စအပြင် ပြည်သူတွေအတွက်  ရေနဲ့ စိုက်ပျိုးမြေ ပိုရအောင် စီစဉ်ပေးမယ်လို့ စည်းရုံးခဲ့ပါတယ်။

တောင်ဆူဒန် ခွဲထွက်သွားတဲ့အချိန်မှာ ဆူဒန်ဟာ  စီးပွားရေး ပျက်ကပ်နဲ့ ကြုံခဲ့ရပြီး အခုအခါမှာ ပြန်လည် နလန်ထူနေပြီ ဆိုပေမယ့် အလုပ်လက်မဲ့ ပြဿ     နာနဲ့ ငွေကြေး ဖောင်းပွမှု ပြဿ      နာတွေကတော့ ဆက်ရှိဆဲ ဖြစ်ပါတယ်။

The post ဆူဒန်ရွေးကောက်ပွဲ လက်ရှိသမ္မတ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles