အမေရိကန်ပြည်ထောင်စုတ၀ှမ်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဌာနတွေအားလုံး အာဖရိကန်နွယ်ဖွား အမေရိကန်တွေအရေးနဲ့ ပတ်သက်လို့ လေးလေးနက်နက် ပြန်သုံးသပ်ကြဖို့ သမ္မတ အိုးဘားမားက တိုက်တွန်းလိုက်ပါတယ်။
မေရီလန်း ပြည်နယ် ဘာလ်တီမိုးမြို့ အဓိကရုဏ်းတွေ ပေါ်ပေါက်အပြီးမှာ သမ္မတက အခုလို ဆော်သြလိုက်တာပါ။
ရဲဌာနတွေ ကိုယ်တိုင်က အသားအရောင်ရှိတဲ့ ရာဇ၀တ်သားတွေကို ကိုင်တွယ်တဲ့ နေရာမှာ ပြဿ နာရှိနေတာကို အသိအမှတ်ပြုဖို့ လိုတယ်လို့ အိုဘားမားက ပြောပါတယ်။
“ဖာဂူဆန်မှာ ပြဿ နာပေါ်တဲ့အချိန်ကစလို့ အလုပ်အဖွဲ့တွေနဲ့ လေ့လာကြည့်တဲ့အခါမှာ ရဲအရာရှိတွေကိုယ်တိုင်က အာဖရိကန်နွယ်ဖွားတွေကို ကိုင်တွယ်တဲ့နေရာမှာ ပြဿ နာ ရှိနေတာကို တွေ့ခဲ့ရတယ်။ နည်းလမ်း မမှန်ပါဘူး။ ဒါတွေက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” လို့ အိုဘားမားက ပြောပါတယ်။
သမ္မတအိုးဘားမားဟာ အမေရိကန်ပြည်ထောင်စုမှာ အလည်အပတ် ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားတာပါ။
ဖရက်ဒီ ဂရေးဆိုတဲ့ လူမည်းအမျိုးသား ရဲအချုပ်မှာ ကျောရိုးကျိုးပြီး ဧပြီ ၁၉ ရက်နေ့က သေဆုံးသွားတဲ့နောက်ပိုင်း သမ္မတ အိုးဘားမားဆီက ပထမဆုံး မှတ်ချက်လည်း ဖြစ်ပါတယ်။
ဂရေးရဲ့ ဈာပနကို ဧပြီ ၂၇ ရက်နေ့က ပြုလုပ်တဲ့အခါ ဘာလ်တီမိုးမြို့မှာ ၀ရုန်းသုန်းကား အခြေအနေတွေလည်း ပေါ်ပေါက်ခဲ့လို့ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။
ဂရေး သေဆုံးမှုနဲ့ ပတ်သက်လို့ ရဲအရာရှိ ၆ ယောက်ကို ရာထူးကနေ ဆိုင်းငံ့ထားပြီး ပြည်သူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိ၊ မရှိဆိုတာကို ပြည်ထောင်စု တရားရေးဌာနက စုံစမ်းနေပါတယ်။
The post ရဲဌာနအားလုံး အာဖရိကန်နွယ်ဖွားအရေး ကိုင်တွယ်မှု ပြန်သုံးသပ်ရန် အိုဘားမားတိုက်တွန်း appeared first on DVB.