Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

ဆီးက လျှပ်စစ်ဓာတ်အားထုတ်မည်

$
0
0

နည်းနည်းလောက်သောက်ပြီးတာနဲ့ ဆီးသွားချင်မှာ မလွဲဧကန်ပါပဲ။ ဒါပေမယ့် အနောက်အင်္ဂလန် တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ ဆီးဟာ အသောက်လွန်ခြင်းရဲ့ ရလဒ်တခုအဖြစ် သာမက ထိရောက်တဲ့ စွမ်းအင်အရင်းအမြစ်တခုလို့ ယုံကြည်ကြပါတယ်။

ဆီးစွမ်းအင်သုံး အိမ်သာရှေ့ပြေးပုံစံဟာ လူ့ဆီးကို စုဆောင်းပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရယူတာ ဖြစ်ပါ တယ်။

ပါမောက္ခ ရာနစ်အီရောပေါလပ်စ် ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ ဒီလို အခန်းငယ်မျိုးတွေကို ဒုက္ခသည် စခန်းတွေမှာ တပ်ဆင်နိုင်ရေးအတွက် ထောက်ပံ့ရေးအေဂျင်စီ အောက်စ်ဖမ်းနဲ့ လက်တွဲ လုပ်ဆောင်လျက် ရှိပါတယ်။

“ဘက်တီးရီးယားသုံး လောင်စာဆဲလ် နည်းပညာကို လက်တွေ့သရုပ်ပြတာပါ။ အချိန်နဲ့ တပြေးညီ ဆီးကနေ လျှပ်စစ်ဆက်တိုက်ထုတ်နည်းပေါ့။”လို့ သူက ရှင်းပြပါတယ်။

ဆီးစွန့်တဲ့နေရာကို အသုံးပြုပေးဖို့ ကျောင်းသားတွေကို ဖိတ်ခေါ်ထားလျက်ရှိပြီး သူတို့ရဲ့ဆီးတွေကို ပိုက်ကနေ တဆင့် အောက်ဘက်ပုံးတွေမှာ သိုလှောင်ဖို့ ပို့ပေးမှာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဆီးတွေဟာ ဘက်တီးရီးယားသုံး လောင်စာဆဲလ် ၂၈၈ ခုဆီကို ဆက်တိုက် ဖြာထွက် စီးဆင်းသွားမှာ ဖြစ်ပါတယ်။

ဒီဆဲလ်တွေထဲမှာ သက်ရှိ အဏုဇီဝရုပ်တွေ မွေးမြူထားပြီး အဲဒီ ဇီဝရုပ်တွေက ဆီးတွေကို စားသုံးပြီး အိမ်သာခန်းက မီးကို စွမ်းအင်ပေးဖို့ လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲပေးမှာပါ။

ဆီးအလှူခံ ဆက်တိုက်ရရှိဖို့အတွက် အိမ်သာကို ကျောင်းသားဘားရဲ့ အပြင်ဘက်မှာ ထားရှိထားပါတယ်။

ကျောင်းသားတွေရဲ့ဆီးက ခိုင်မာတဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် သက်သေပြနိုင်မှာပါလို့ ရာနစ် ကဆိုပါတယ်။

“အဖျော်ယမကာတွေ သောက်သုံးပြီး အရက်ဘားထဲက ထွက်လာတဲ့လူတွေရဲ့ တိုးတက် လာမယ့် စွမ်းဆောင် ချက်တချို့ကို မြင်ရဖို့ မျှော်လင့်တယ်။”လို့ သူက ပြောပါတယ်။

သူတို့အဖွဲ့ဟာ ဆီးက မိုဘိုင်းဖုန်းကို တစိတ်တပိုင်းအားဖြင့် အားသွင်းနိုင်ကြောင်း ၂၀၁၃ ခုနှစ်မှာ သက်သေပြနိုင်ခဲ့ပါတယ်။

သူတို့ရဲ့ နောက်ဆုံးပေါ် ဘက်တီးရီးယားသုံး လောင်စာဆဲလ် တွေဟာ အကျိုးသက်ရောက်မှု ပိုများပြီး ထုတ်လုပ်ဖို့အတွက် ဈေးသက်သာ ပါတယ်။

ဒီနည်းပညာဟာ မိလ္လာရေနုတ်မြောင်းစနစ် အားနည်းတဲ့ ဒုက္ခသည်စခန်းက အမျိုးသမီး တွေရဲ့ လုံခြုံရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ သူတို့က မျှော်လင့်ထားကြပါတယ်။

ဒီစီမံချက်သာ အောင်မြင်ခဲ့ရင် ဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်လာမှာပါလို့  အောက်စ်ဖမ်းက အန်ဒီဘက်စ်စတေဘယ် က ဆိုပါတယ်။

“ဆင်းရဲတဲ့လူ့အဖွဲ့အစည်းတိုင်းမှာ ညဘက်ဆိုရင် လျှပ်စစ်ဓာတ်မရနိုင်ဘူး။ ဒါက သူတို့အတွက် အပြောင်း အလဲ တခု ဖြစ်မှာပါ။”လို့ သူက ပြောပါတယ်။

ဆီးစွမ်းအင်သုံးရှေ့ပြေးအိမ်သာကို စမ်းသပ်ဖို့အတွက်  လက်ရှိ နေရာမှာပဲ ၃ လနီးပါးဆက်လက် ထားရှိမှာဖြစ်ပါတယ်။

ပထမဦးဆုံးသော စွမ်းရည်ပြည့် အခန်းငယ်ကို ဒီနှစ်နှောင်းပိုင်းမှာ ဒုက္ခသည်စခန်းတွေဆီ ပို့ပေးသွားမှာဖြစ်ပါ တယ်။

24.Pee-power toilet to light up disaster zones 25.Pee-power toilet to light up disaster zones 26.Pee-power toilet to light up disaster zones 29.Pee-power toilet to light up disaster zones 30.Pee-power toilet to light up disaster zones 31.Pee-power toilet to light up disaster zones 32.Pee-power toilet to light up disaster zones

The post ဆီးက လျှပ်စစ်ဓာတ်အားထုတ်မည် appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


TTA Oreo Gapp Installer


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း