Airbus လေယာဉ်ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေ ရရှိဖို့ ဂျာမန်ထောက်လှမ်းရေးတွေက အမေရိကန် အမျိုးသားထောက်လှမ်းရေးကို ကူညီပေးခဲ့တယ်ဆိုတဲ့ကိစ္စ Airbus က ဂျာမန် အစိုးရကို ဧပြီ ၃၀ ရက်နေ့မှာ တိုင်ကြားလိုက်ပါတယ်။
အခုလိုစွပ်စွဲမှုတွေ ပေါ်ထွက်လာတဲ့ကိစ္စကို Airbus ကုမ္ပဏီက အထူးစိုးရိမ်ခဲ့ပြီး ဒီကိစ္စကို ဖြေရှင်းချက်ပေးဖို့ကိုလည်း Airbus ကုမ္ဗဏီက ဂျာမန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဂျာမန် ထောက်လှမ်းရေးကနေ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ဥရောပစက်မှုကုမ္ပဏီတွေဟာ ကုန်သွယ်ရေးဥပဒေတွေနဲ့အညီ စုံစမ်းစစ်ဆေးပေးဖို့ အမေရိကန်ထောက်လှမ်းရေးက တောင်းဆိုတဲ့အခါ ဂျာမန်ထောက်လှမ်းရေးက ဖုန်းနဲ့ အင်တာနက်ကြားဖြတ် နားထောင်မှုတွ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စုံစမ်းထောက်လှမ်းခံရတဲ့ထဲမှာ Airbus တင်မက ပြင်သစ် သမ္မတအိမ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဥရောပကော်မရှင်တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဥရောပလက်နက်တင်ပို့တဲ့ကုမ္ဗဏီတွေကို အမေရိကန်ထောက်လှမ်းရေးက ၂၀၀၈ ခုနှစ်လောက်ကတည်းက စုံစမ်းမှုတွေလုပ်ခဲ့တာကို ဂျာမန်အစိုးရက သိရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ ဒီစွပ်စွဲချက်တွေကို ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုပေမယ့် အဲ့ဒီကိစ္စကို လွှတ်တော်မှာ ကြားနာဖို့ ပြောဆိုထားပါတယ်။
The post Airbus လျှို့ဝှက်ချက်ကိစ္စ ဖြေရှင်းပေးရန် ဂျာမန်အစိုးရကို တောင်းဆို appeared first on DVB.