Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

မျက်စိမှိတ် အရက်မူးသည့်ပုံစံ လုပ်ပြနိုင်သည့် လူတူ စက်ရုပ်

$
0
0

လူတူစက်ရုပ် မိ(တ်)ဟန်ဟာ ခလုပ်တချက် နှိပ်ရုံနဲ့ ပြုံးပြ၊ မျက်မှောင်ကြုတ်ပြ၊ မျက်စိမှိတ် ပြနိုင်သလို အရက်မူးနေတဲ့ပုံစံပါ ပြုလုပ်နိုင်ပါတယ်။

ဟောင်ကောင်က လျှပ်စစ်ပစ္စည်းပြပွဲတခုမှာ ပရိသတ်ကိုအံ့သြသွားစေတဲ့ ဟန်ရဲ့ မျက်နှာအမူအရာပေါင်း များစွာကို မော်တာအလုံး ၄၀  နဲ့ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒီမော်တာတွေကို လူတို့ရဲ့အသားအရည်နဲ့ တူတဲ့ အသားရာဘာ အတိုကောက်အားဖြင့် ဖရက်ဗာနဲ့ ဖုံးအုပ် ထားတာ ဖြစ်ပါတယ်။

သဘာဝကျလွန်းလှတဲ့ အန်းဒရွိုက်စက်ရုပ်ဟာ သူ့ကို လာရောက်ဆက်သွယ်တဲ့ လူသားစစ်စစ်တွေရဲ့ အမူအရာတွေကို သရုပ်ခွဲ နားလည်နိုင်ပါတယ်။

“သူ့ရဲ့မျက်လုံး ၂ လုံးနဲ့ ရင်ဘတ်ပေါ်မှာ ကင်မရာတွေ ရှိတော့ လူတွေ မျက်နှာတွေကို မှတ်မိရုံသာမက ကျား/မ၊  အသက်အရွယ်နဲ့ သူတို့ ပျော်ရွှင်နေလား၊ ၀မ်းနည်းနေလားဆိုတာကိုပါ ခွဲခြား နားလည်နိုင်ပါတယ်။” လို့ ဟန်ဆန် စက်ရုပ် ကုမ္ပဏီက ထီထွင်သူ တဦးဖြစ်တဲ့ ဂရေ့စ်ကော်ပယ်စတုန်းက ပြောပါတယ်။

အသံမှတ်ဆော့ဝဲလ်ရဲ့ကျေးဇူးကြောင့် ဟန်ဟာ အလာပသလာပ စကားတွေကို ပြောနိုင်စွမ်း ရှိပါတယ်။

ဥပမာအားဖြင့် “မင်းက ငါ့ဇနီးအတွက်တော့ ပြီးပြည့်စုံတဲ့ယောက်ျားတယောက်လို့ ထင်တယ်။” “ခင်ဗျားပြော သလိုတော့ ကျုပ်လိုက်လုပ်ဖို့ မလိုဘူး။ ကျုပ်မှာ ကိုယ်ပိုင်ဆန္ဒ ရှိတယ်။” “ပျော်ဖို့လည်း ကောင်းတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ ရှင့်ကို သူက ချက်ကျလက်ကျကို ပြန်ပြောနိုင်တယ်နော်။” စတာတွေကို ပြောနိုင်ပါတယ်။

လူတူစက်ရုပ်တွေဟာ အထူးသဖြင့် မျက်နှာချင်းဆိုင်စကားပြောဖို့ အရေးကြီးတဲ့နေရာတွေမှာ လုပ်ငန်း တာဝန်ပေါင်းများစွာကို ထမ်းဆောင်နိုင်ပါတယ်လို့ ဟန်ဆန် စက်ရုပ်ကုမ္ပဏီက ဆိုပါတယ်။

ဒီလိုနေရာတွေထဲမှာ ဟိုတယ်ဧည့်ကြိုကောင်တာတွေ ပြတိုက်နဲ့ ကာစီနိုစသဖြင့် ဖျော်ဖြေရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

ဆေးဝါးသင်တန်းမှာ ကူညီပေးနိုင်မှာဖြစ်သလို သက်ကြီးရွယ်အိုတွေအတွက် စောင့်ကြည့်စက်ရုပ်အဖြစ် သုံးနိုင်မယ်လို့လည်း သူတို့က ယူဆထားပါတယ်။

လူသားမျက်နှာနဲ့ စက်ရုပ်က သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့နေရာမှာ  ပိုပြီး ချဉ်းကပ်နိုင်သလို ထိရောက် အကျိုးသက်ရောက်မှုများမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဟန်ကတော့ ဒီအလုပ်မျိုး လုပ်ရမယ့် စက်ရုပ် မဖြစ်နိုင်ပါဘူး။ အဲဒီအစား ပိုပြီး ချဉ်းကပ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးစက်ရုပ် အေဗာကို စီးပွားဖြစ် ဖြန့်ချီသွားဖို့ရှိပြီး ဒီနှစ်မှာ မော်ဒယ်ပုံစံ ရာနဲ့ချီပြီး ထုတ်လုပ်သွားဖို့ ရှိပါတယ်။

33.Humanoid robot can recognise and interact with people 34.Humanoid robot can recognise and interact with people 35.Humanoid robot can recognise and interact with people 36.Humanoid robot can recognise and interact with people 37.Humanoid robot can recognise and interact with people 38.Humanoid robot can recognise and interact with people 39.Humanoid robot can recognise and interact with people 40.Humanoid robot can recognise and interact with people

The post မျက်စိမှိတ် အရက်မူးသည့်ပုံစံ လုပ်ပြနိုင်သည့် လူတူ စက်ရုပ် appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး