Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

နီပေါငလျင်ကြောင့် ၂၂ နာရီကြာ ပိတ်မိနေသည့် ၄ လအရွယ်ကလေးကို ကယ်တင်

$
0
0

နီပေါငလျင်ကယ်ဆယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က  အဆောက်အဦပျက်ကြား ၂၂ နာရီကြာ ပိတ်မိခဲ့တဲ့ ၄ လသားအရွယ် ကလေးငယ်တဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။

Kathmandu Today သတင်းစာရဲ့ ဖော်ပြချက်အရ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က အဆောက်အဦပျက်တွေကြားမှာ ကလေးငယ်ကို ကယ်ဆယ်ရေးအဖွဲ့တွက ရှာဖွေခဲ့ကြပေမယ့် ညသန်းခေါင်ရောက်တဲ့အထိ မတွေ့ခဲ့လို့ လက်လျော့ပြန်လာခဲ့ကြတာပါ။

အဲဒီညပိုင်းမှာ ကလေးငိုသံကို ဖခင်ဖြစ်သူက ကြားခဲ့ရပြီး နောက်နေ့မနက်မှာ ကယ်ဆယ်ရေးတပ်ဖွဲ့တွေက ထပ်မံရှာဖွေပြီး တွေ့ရှိခဲ့တာပါ။

ကလေးငယ်ကို ဆေးရုံက ဆေးစစ်ကုသမှုတွေ ပေးခဲ့ပြီး အပြင်းအထန်ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ဓာတ်ပုံ - KATHMANDUTODAY.COM

ဓာတ်ပုံ – KATHMANDUTODAY.COM

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့နီပေါငလျင်မှာ ဧပြီ ၃၀ ရက်နေ့အထိ သေဆုံးသူ ၅၂၀၀ ကျော်သွားပြီး ထူးထူးခြားခြား ကယ်ဆယ်မှုတွေလည်း ဆက်တိုက် ထွက်ပေါ်နေပါတယ်။

ဧပြီ ၂၈ ရက်နေ့က အဘွားအိုတဦးကို အဆောက်အဦပျက်တွေကြားကနေ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သလို အသက် ၄၀ အရွယ်အမျိုးသမီးတဦးကိုလည်း ငလျင်လှုပ်ပြီး ၃၆ နာရီအကြာမှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အမျိုးသားတဦးကို နာရီ ၆၀ ကြာတဲ့အထိ အသက်ရှင်လျက် ကယ်ဆယ် ရရှိခဲ့သလို နောက်ထပ် အမျိုးသားတဦးဟာလည်း နာရီ ၈၀ ကြာပြီးမှာ ကယ်ဆယ်ရရှိခဲ့ပါတယ်။

The post နီပေါငလျင်ကြောင့် ၂၂ နာရီကြာ ပိတ်မိနေသည့် ၄ လအရွယ်ကလေးကို ကယ်တင် appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles