Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

ဘိုင်ယန်ကို နိုင်ပြီး ဒေါ့မန် ဂျာမန်ဖလား ဗိုလ်လုပွဲတက်

$
0
0

ဧပြီ ၂၈ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဖလား ဆီမီးဖိုင်နယ်မှာ ဒေါ့မန်က ဘိုင်ယန်မြူးနစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။

ပွဲကစားချိန် မိနစ် ၉၀ အထိ ၁ ဂိုးစီ သရေကျလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူရခဲ့တာပါ။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ဘိုင်ယန်ဖက်က ကန်တဲ့ ၄ ဂိုးစလုံး လွဲချော်ပြီး ဒေါ့မန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။

ဒီပွဲရဲ့  ဦးဆောင်ဂိုးကို ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ပထမပိုင်း ၂၉  မိနစ်မှာ တန်ပြန်တိုက်စစ် ကနေ သွင်းယူပါတယ်။

ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့တာပါ။

ဒေါ့မန်အတွက် ချေပဂိုးကို ၇၅ မိနစ်မှာ အဘာမီယန်းက သွင်းယူပါတယ်။ ဒေါ့မန်ဟာ ဒီနှစ် ဘောလုံး ရာသီမှာ မျှော်လင့်စရာ ဂျာမန်ဖလား တလုံးပဲ ကျန်တော့တာပါ။

ဒေါ့မန် နည်းပြ ဂျာကန် ကလော့ဟာ ဒီနှစ်ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာတော့ ဒေါ့မန်ဟာ ၀ု့စ်ဘာ့နဲ့ တတိယတန်းကလပ် အာမီနီးယားတို့ ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာပါ။

ဓာတ်ပုံ (ရိုက်တာ) Bayern Munich's Neuer walks past Borussia Dortmund players celebrating winning the German Cup semi-final soccer match in Munich Bayern Munich's Neuer hits the post and misses as he takes a penalty after extra time in German Cup semi-final soccer match against Borussia Dortmund in Munich Bayern Munich's Lewandowski is fouled by Borussia Dortmund's goalkeeper Langerak during German Cup semi-final soccer match in Munich Borussia Dortmund's Kampl is sent off during German Cup semi-final soccer match against Bayern Munich in Munich

The post ဘိုင်ယန်ကို နိုင်ပြီး ဒေါ့မန် ဂျာမန်ဖလား ဗိုလ်လုပွဲတက် appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles