Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် အရပ်သားများ ဘေးကင်းလုံခြုံရေး အမေရိကန် စိုးရိမ်

$
0
0

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်(အေအေ)တို့ ကြားမှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ရခိုင်ပြည်သူတွေ နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်ပူပန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကို တိုက်ရိုက် ကြုံတွေ့ ခံစားနေရသူတွေအတွက် တာဝန်ရှိသူတွေ အားလုံးကို ရန်လိုမှုတွေ ရပ်ဆိုင်းကြဖို့၊ အရပ်သားတွေ ဘေးကင်းလုံခြုံမှုကို အာမခံချက် ပေးနိုင်ဖို့နဲ့ လူသားချင် စာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ အချိန်မီ ထောက်ပံ့နိုင်ဖို့အတွက် အမေရိကန်က တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ အစိုးရစစ်တပ်နဲ့ ရခိုင်တပ်တို့ ဧပြီ ၁၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

The post ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် အရပ်သားများ ဘေးကင်းလုံခြုံရေး အမေရိကန် စိုးရိမ် appeared first on DVB.


Viewing all articles
Browse latest Browse all 36043

Trending Articles